ဒက်ကာ၊ မေ ၅ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းသို့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ မေလ ၄ ရက်တွင်ဝင်ရောက်ခဲ့ပြီးနောက် ကမ်းရိုးတန်းဒေသများကိုအရှိန်ပြင်းစွာတိုက်ခိုက်ခဲ့ရာအနည်းဆုံးလူသုံးဦးသေဆုံးခဲ့ကြောင်း ဘင်္ဂလား ဒေ့ရှ်သဘာဝဘေးစီမံခန့်ခွဲရေးနှင့်ကယ်ဆယ်ရေးဝန်ကြီးဌာနဝန်ကြီး မာတတ်အူဒင်(Mahtab Uddin) က ဆင်ဟွာသတင်း ဌာနသို့ ပြောကြားခဲ့သည်။
ကိုလံဘို၊ မေ ၅ ရက်(ဆင်ဟွာ) လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏ထောက်ခံအားပေးမှုကို လိုအပ်ကြောင်း သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisenaက သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ရွှယ်ယွန်(Cheng Xueyuan)နှင့် မေ ၄ ရက်တွင် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ မေ ၅ ရက်(ဆင်ဟွာ) ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကျောက်မဲမြို့၏ တောင်ဘက်မိုင်(၂၀)ခန့်အကွာ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းသည် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးမည် ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန၏...
ရာဘတ် ၊ မေ ၄ ရက် (ဆင်ဟွာ) မော်ရိုကို နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန က မေလ ၃ ရက် ၌ နိုင်ငံ ဗဟို ဥပဒေရေးရာ စုံစမ်းစစ်ဆေးမှုဌာန က နိုင်ငံမြောက်ပိုင်းရှိ Tangier မြို့ တွင် IS အစွန်းရောက်...
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ငွေကျပ် ၃၈၉၂.၂ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။
ကိုလံဘို၊ မေ ၄ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် ယခုနှစ် ပထမလေးလပတ်တွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီး ရောဂါဖြစ်ပွားသူ ၁၅,၀၀၀ ဦးကျော်ရှိကြောင်း ကူးစက်ရောဂါ ပြန့်ပွားခြင်းနှင့် ကာကွယ်ရေးယူနစ်က မေလ ၃ ရက်၌ ပြောကြားလိုက်သည်။
ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ) ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)၏အရှိန်ကြောင့်လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေ ဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့်...
ဝါရှင်တန်၊ မေ ၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ၏ နောက်ဆုံးပြုမူလိုက်ခြင်းအပေါ် ကောင်းစွာ သိရှိကြောင်းနှင့် အခြေအနေအား ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်က မေလ ၃ ရက်ညပိုင်းက ပြောကြားခဲ့သည်။
ရောမ၊ မေ ၄ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ နေပယ်လ်မြို့လယ်နေရာတွင် မေလ ၃ ရက်နေ့လယ်ပိုင်းက လူစုလူဝေးအတွင်းသို့ သေနတ်ပစ်ခတ်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင်ရှိကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြခဲ့သည်။
ဆိုးလ် ၊ မေ ၄ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံ က မေလ ၄ ရက် ၌ တာတိုဒုံးပျံ စမ်းသပ် ပစ်လွှတ်မှု ပြုလုပ်ခဲ့ပြီး ပစ်လွှတ်ခဲ့သည့် ဒုံးပျံ အမျိုးအစား အား မသိရှိရသေးကြောင်း ဒုံးပျံ စမ်းသပ် ပြုလုပ်မှု အပြီး...