Connect with us

Environment, Disasters & Accidents

၂၀၂၀ ပြည့်နှစ် မိုးလယ်ကာလ တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အများစုတွင် ရွာသွန်းမြဲအောက် မိုးရေချိန် လျော့နည်း

မိုးရေထဲတွင် ထီးဖြင့် သွားလာနေသူတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

 ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် မိုးလယ်ကာလ တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ ၌ ရွာသွန်းမြဲအောက် မိုးရေချိန် အနုတ် ၃၀ နှင့် ၄၀ ကြားတွင် ရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် ရွာသွန်းမြဲအောက် မိုးရေချိန် လျော့နည်းကြောင်း  မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်း က ဆင်ဟွာသို့ သြဂုတ် ၁၁ ရက် တွင် ပြောသည်။

ဦးလှထွန်းက “မိုးရေချိန်ရရှိမှု ကို ပုံမှန် အားဖြင့် အနုတ် ၂၀ နဲ့ အပေါင်း ၂၀ ကြားရှိရင် ရွာသွန်းမြဲ လို့ခေါ်တယ်။ အနုတ်၂၀ အောက်ရောက်သွားရင် ရွာသွန်းမြဲအောက်လို့ သတ်မှတ်တယ်။ အပေါင်း ၂၀ အထက် ဆိုရင် ရွာသွန်းမြဲထက် ပိုတယ်လို့ သတ်မှတ်တယ်။ ရွာသွန်းမြဲ မိုးရေချိန်ရတယ် လို့ သတ်မှတ်တဲ့ ဧရာဝတီတိုင်းဒေသကြီး နဲ့ တိုင်းဒေသကြီး မှာဆိုရင်လည်း မိုးရေရရှိမှု က အနုတ်၂၀ အတွင်းပဲရှိတယ်။ မိုးလယ်ကာလ မိုးရရှိမှု ၂၀၁၉ ခုနှစ် ထက် သိသိသာသာနည်းပါတယ်’’ ဟု ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံမြောက်ပိုင်းဒေသ များ၌ မိုးလယ်ကာလ ရွာသွန်းမြဲမိုးရေချိန် အတွင်းရှိသော်လည်း ၂၀၁၉ ခုနှစ်က ရရှိခဲ့သော မိုးရေချိန်အားမမီကြောင်း ဆိုသည်။ မြန်မာနိုင်ငံတွင် ဇူလိုင် နှင့် သြဂုတ်လ ကို မိုးလယ်ကာလ ဟု သတ်မှတ်ကြောင်း သိရသည်။သြဂုတ်လအတွင်း မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာ နိုင်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.