ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စု၊ ချင်းလျားကျေးရွာအနီး၊ ကွင်း အမှတ် (၂၂)ရှိ ဇီးတောဆည်(ဆားတောင်ဆည်)အတွင်း စက်လှေတိမ်းမှောက်မှုဖြစ်ပွားပြီး ခရီးသည် ၁၃ ဦးသေဆုံး၍ တစ်ဦး ပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဗြိတိန်ဝန်ကြီးချုပ်သစ် ဘောရစ်ဂျွန်ဆင်ထံသို့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့်အတွက် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်အလွှာကို ဇူလိုင် ၂၄ ရက်တွင် ပေးပို့ခဲ့ ကြောင်း သိရသည်။
ကဘူးလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ဇူလိုင်လ၂၅ ရက် နံနက်ပိုင်း ရုံးတက်ရုံးဆင်းချိန်တွင် ပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်စ်ရတ် ရာဟီမီ (Nasrat...
နေပြည်တော်၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) အား လုပ်ပိုင်ခွင့် ရရှိသူ အမည် ပြောင်းလဲခြင်း လုပ်ငန်း ဆိုင်ရာညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပြီး နေပြည်တော်ကောင်စီ အပါအဝင်၊ တိုင်းဒေသကြီး / ပြည် နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များ၂၀၁၉ ခုနှစ်ဇွန်လ ၁...
ဝါရှင်တန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) ဆော်ဒီအာရေဘီးယား နိုင်ငံ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) သို့လက်နက်များ ရောင်းချရန် အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရန့်အစိုးရ၏ ကြိုးပမ်းမှုအား ပိတ်ပင်ရန် ရည်ရွယ်သော ကွန်ဂရက်၏ ဆုံးဖြတ်ချက်များအား သမ္မတ ဒေါ်နယ်ထရန့်က ဇူလိုင် ၂၄...
ဘန်ကောက် ၊ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ က နိုင်ငံတောင်ပိုင်း ပတ်တနီပြည်နယ်အတွင်း ဇူလိုင်လ ၂၃ ရက်ညက လူလေးဦးသေဆုံးခဲ့ရသော လုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုအားတိုက်ခိုက်မှုတွင်ပါဝင် ပတ်သက်သည့် လက်နက်ကိုင်များအားရှာဖွေရေးအတွက်ကျယ်ပြန့်သောစစ်ဆင်ရေးများပြုလုပ်သွား ရန် ဇူလိုင်လ ၂၄ ရက်ကအမိန့်ပေးခဲ့ကြောင်းသိရသည်။
ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မသန်စွမ်းသူများ အကျိုးစီးပွား နှင့် အခွင့်အရေးအားကာကွယ်ရန် နှစ်ပေါင်း ၇၀ အတွင်း တိုင်းပြည်၏ ကြိုးစားအားထုတ်မှုတစ်ခုနှင့််ပတ်သက်၍ အစီရင်ခံစာ စက္ကူဖြူစာတမ်းကို တရုတ်နိုင်ငံက ဇူလိုင်ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဆိုးလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိကျည်ဖူး ၂ ခုအား ဇူလိုင်လ ၂၅ ရက်နံနက်အစောပိုင်းက အရှေ့ဘက်ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) ၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit – CPU)များကို ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ပြည်ထောင်စု ဝန်ကြီးဌာန ၁၄ ခုတွင် ရှေ့ပြေးစီမံချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ မိမိတို့၏ စိတ်ဆန္ဒအလျောက် ထပ်မံဖွဲ့စည်းလာသည့် ပြည်ထောင်စု ဝန်ကြီးဌာနများ ရှိလာသဖြင့် ယခုအခါ...
ရန်ကုန် ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၄ရက်အထိ သေဆုံးသူ ၇၁ ဦးထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။