Connect with us

Environment, Disasters & Accidents

ဇူလိုင်လတွင် မြန်မာတစ်နိုင်ငံလုံး ၌  စုစုပေါင်း ငလျင် ၂၃ ကြိမ်လှုပ်ရှားမှုဖြစ်ပွား

ငလျင်လှုပ်ရှားမှုပြ လှိုင်းကြိမ်နှုန်းပုံ အားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၅ ရက် (ဆင်ဟွာ) 

ဇူလိုင်လတွင် မြန်မာတစ်နိုင်ငံလုံး ၌  စုစုပေါင်း ငလျင် ၂၃ ကြိမ်လှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက သြဂုတ် ၅ ရက်တွင်ပြောကြားသည်။

“ဇူလိုင်လ မှာ  ငလျင် ၂၃ ကြိမ် လှုပ်ရှားမှုဖြစ်ပွားခဲ့တယ်။ အကြိမ်ရေ အနေနဲ့ ဆို အကြိမ်ရေများတယ်လို့ ပြောလို့ရတယ်။ ဇူလိုင်လ ထဲမှာ ဆိုရင် အင်အား ၄.၈ လှုပ်ရှားခဲ့တဲ့ ငလျင်က အင်အားအကြီးဆုံးဖြစ်ပြီး ရှမ်းပြည်နယ် မိုင်းကိုင်အနီးမှာလှုပ်ရှားခဲ့တာဖြစ်တယ်’’ ၎င်းကဖြည့်စွက်ပြောကြားသည်။

ဇူလိုင်လ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် ၊ရခိုင်ပြည်နယ်၊ မကွေး တိုင်းဒေသကြီးတို့တွက် ငလျင်လှုပ်ရှားမှုများ အသီးသီး ဖြစ်ပွားခဲ့ကြောင်း သိရသည်။ “ဇူလိုင်လမှာဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ တော်တော်များများလှုပ်ခဲ့တာ တွေ့ရတယ်။  ငလျင်လှုပ်ရှားမှု အကြိမ်ရေအတွက် လည်းများတော့ ငလျင်မကြာခဏလှုပ်ရှားတဲ့ဒေသတွေမှာတော့  ငလျင်နဲ့ ပတ်သက်တဲ့ကြိုတင်အစီအမံတွေ ဆောင်ရွက်ထားသင့်တယ်လို့ အကြံပြုချင်ပါတယ်’’ ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117