လန်ဒန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း နှင့် လန်ဒန်မြို့တော်ဝန်ဟောင်း ဖြစ်သူ ဘောရစ်ဂျွန်ဆင်(Boris Johnson) သည် လက်ရှိအာဏာရ ကွန်ဆာဗေးတစ်ပါတီ၏ခေါင်းဆောင် အဖြစ်ဇူလိုင် ၂၃ ရက်က ရွေးကောက်တင်မြှောက်ခံရပြီး ၊ ၎င်းသည် ဗြိတိန်နိုင်ငံ၏ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်ရပ်ကွက်ရှိ NLD ပါတီရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၂၄ ရက် )နံနက်ပိုင်းတွင် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီး ရှင်းလင်းမှုပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲမှူးကြီးတစ်ဦးက ဆင်ဟွာသို့ အတည်ပြုပြောကြားသည်။
ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ယခုနှစ် ဇူလိုင်လ အတွင်း တိုင်းဒေသကြီး/ပြည်နယ် အချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၃ ရက် အထိ အခြေ အနေ အရ စစ်ကိုင်း တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့ရှိ လူဦးရေ...
မော်စကို ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအရှေ့ဖျားပိုင်း Khabarovsk ဒေသ၌ ဇူလိုင် ၂၃ ရက် အစောပိုင်းက ကလေးဂေဟာတစ်ခုမီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၄ ဦးထိမြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဆိုသည်။
နေပြည်တော် ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) YUN TIAN HUA Group မှ ပေးအပ် ချီးမြင့် သည့် ဒုတိယအကြိမ်မြောက် ယွင်ထျန်းဟွာ( Yun TianHua ) ပညာသင်ဆုပေးအပ်ပွဲအခမ်းအနားအားဇူလိုင်လ ၂၃ ရက် နေ့လယ်ပိုင်းအချိန်တွင် နေပြည်တော် ရှိရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ၌...
နေပြည်တော်၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) ယဉ်ကျေးမှု အမွေအနှစ်များ၏ တန်ဖိုးကို မြတ်နိုးကြပြီး ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ပုဂံဒေသ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသားရေး အမြင်ဖြင့် ဝိုင်းဝန်း ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ကြ ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က...
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများ အချိန်တော်ကြာဖြစ်ပွားခဲ့ပြီး လက်ရှိ လုံခြုံရေးအခြေအနေသည် ယခင်ထက် ထိန်းသိမ်းနိုင်သော အနေအထားရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အန်ကာရာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) ဇူလိုင်၂၂ ရက်ညတွင် ဆီးရီးယားနိုင်ငံ ပိုင်နက်အတွင်းမှ ပစ်လွှတ်သည့် ဒုံးကျည်ကြောင့် တူရကီနိုင်ငံ အရှေ့တောင်ဘက် Sanliurfa ပြည်နယ် တွင် အနည်းဆုံးလူ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကပြောခဲ့သည်။
ပေကျင်း၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ပထမဆုံးအကြိမ်အဖြစ် အမေရိကန်နိုင်ငံအား ကျော်တက်ကာ ယခုနှစ် Fortune Global 500 စာရင်းတွင် ကုမ္ပဏီအရေအတွက်အများဆုံး ပါဝင်လာခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) ဖမ်းဆီးထိန်းသိမ်းထားသည့် ဗြိတိန် ရေနံတင်သင်္ဘော အမြန်ဆုံးပြန်လွှတ်ပေးရန်၊ သို့မဟုတ်ပါက အနောက်နိုင်ငံများ၏ ပင်လယ်ပြင်လှုပ်ရှားမှုကို ရင်ဆိုင်ရနိုင်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရမီဟန့်(Jeremy Hunt)က အီရန်ကို ဇူလိုင် ၂၂ ရက် တွင် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။