တီဟီရန်၊ဩဂုတ်၂၇ရက် (ဆင်ဟွာ) အီရန်နိုင်ငံ အဏုမြူစွမ်းအင်အဖွဲ့အစည်း (AEOI) က နိုင်ငံအတွင်းရှိ နေရာနှစ်နေရာသို့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စစ်ဆေးသူများအား ဝင်ရောက်ခွင့်ပြုရန် သဘောတူခဲ့ကြောင်း အီရန်နှင့် IAEA တို့အကြားပူးတွဲထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ ဩဂုတ် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပြည်နယ်ဒေသ ၃၁ ခု (ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုမှတိုက်ရိုက်အုပ်ချုပ်သောမြို့)နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ ဩဂုတ် ၂၆ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ အစီရင်ခံချက်များအရ ကိုဗစ် အသစ်ထပ်တိုးအတည်ပြုလူနာ ၈ ဦး ရှိပြီး အသစ်ထပ်တိုး သေဆုံးသူမရှိကြောင်းနှင့် ပြည်ပမှဝင်ရောက်သော...
ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများ အနေဖြင့် နှစ်ကုန်ပိုင်းမှသာ ပြန်လည် လေ့ကျင့်နိုင်တော့မည်ဟု ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးဇော်မင်းထိုက်က ဆင်ဟွာသို့ သြဂုတ် ၂၇ ရက်တွင်ပြောသည်။
သဟိတ်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံ ဝန်ကြီးချုပ် Mark Rutte သည် ဩဂုတ် ၂၆ ရက်က သဟိတ်မြို့တွင် နယ်သာလန်သို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ ဩဂုတ် ၂၇ ရက်(ဆင်ဟွာ) ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ရောဂါ ဖြစ်ပွားသူအရေအတွက်မှာ ဩဂုတ် ၂၆ ရက်တွင် ၂၄ သန်းကျော်သွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့် အင်ဂျင်နီယာဌာန (CSSE)ထံမှ သိရသည်။
ရောမ၊ဩဂုတ်၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ၎င်း၏ဥရောပခရီးစဉ်သည် ဥရောပနှင့်အတူ COVID-19 ရောဂါဆက်လက်တိုက်ဖျက်ရေး၊ ဥပရောပ၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံရေး၊ တရုတ်-ဥရောပ ဆက်ဆံရေးကို အဆင့်မြှင့်တင်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးစသည့် အဓိကအချက်လေးချက် ပါဝင်ကြောင်း ဩဂုတ်၂၅ ရက်က ပြောကြားခဲ့သည်။
ဘရာဇီးလီးယား၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံတွင် ဩဂုတ် ၂၆ ရက်က ၂၄ နာရီအတွင်း COVID-19 ရောဂါ အသစ်ထပ်တိုးကူးစက်သူ ၄၇,၁၆၁ဦး၊ အသစ်ထပ်တိုးသေဆုံးသူ ၁,၀၈၅ ဦးရှိရာစုစုပေါင်းအတည်ပြုလူနာ ၃,၇၁၇,၁၅၆ ဦး၊ စုစုပေါင်းသေဆုံးသူ ၁၁၇,၆၆၅ ဦးနှင့် ရောဂါသက်သာပျောက်ကင်းသူစုစုပေါင်း ၂,၉၀၈,၈၄၈ ဦးရှိကြောင်းဘရာဇီးကျန်းမာရေးဝန်ကြီးဌာန၏...
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမို ထိန်းချုပ်နိုင်ရန်အတွက် ရခိုင်ပြည်နယ်တစ်ခုလုံး Stay at Home နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့(သြဂုတ် ၂၆ ရက်) တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆေးသိပ္ပံအကယ်ဒမီက ပြည်တွင်းဆေးရုံ ၁,၆၀၀ ကျော်နှင့် ဆေးကောလိပ် ၁၀၀ ကျော်တို့၏ ၂၀၁၉ ခုနှစ်အတွင်း သိပ္ပံပညာရပ်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ စွမ်းဆောင်နိုင်မှုပေါ် မူတည်၍ သတ်မှတ်ချက်အဆင့်စာရင်းများ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ) နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ယာယီကန့်သတ်ခြင်းဆိုင်ရာ ညွှန်ကြားချက်အား စက်တင်ဘာ ၃၀ ရက် အထိ သက်ရောက်မှုကာလ တိုးမြှင့်သတ်မှတ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မှ သြဂုတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။