အစ္စလာမ်မာဘတ်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် နန်ကာနာဆာဟစ်ခရိုင်ရှိ ဆေးရုံတစ်ရုံအတွင်း အဖွဲ့နှစ်ဖွဲ့အကြား တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက ဇွန်လ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
တီဟီရန်၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) အီရန်နိုင်ငံအနေဖြင့် အီရန်-တရုတ်ဆက်ဆံရေးကို အထူးအလေးထားရာ တရုတ်နိုင်ငံကိုလည်း ၎င်း၏ ရေရှည်မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် သဘောထားကြောင်း ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ တည်ဆောက်မှုတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများအား ဘက်စုံထဲထဲဝင်ဝင်ဆောင်ရွက်သွားလိုကြောင်း အီရန်နိုင်ငံ သမ္မတ ရိုဟာနီက အီရန်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်ဟွာ၏ သံအမတ်ခန့်အပ်လွှာကို...
ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ပြည်လမ်းမပေါ်တွင် ယနေ့ နံနက် ၅နာရီကျော်က YBS ခရီးသည်တင်ယာဉ်နှင့် Hijet ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး လူ၂ ဦး သေ၊၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးလာရောက်လုပ်ကိုင်သော မရမ်းကုန်းမီးသတ်ဦးစီးဌာနထံမှ သိရသည်။
နေပြည်တော်၊ ဇွန် ၁၈ရက်(ဆင်ဟွာ) တရားမဝင် ဂြိုဟ်တု စလောင်း ရုပ်သံလိုင်းများအား မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေများနှင့်အညီ စနစ်တကျ ထိန်းချုပ်သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှ ထွန်းက ယနေ့ ပြောကြားသည်။
ကိုင်ရို၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ၏ သမ္မတဟောင်း မိုဟာမက်မော်စီ (Mohamed Morsi) သည် သူလျှိုမှုနှင့်တရားစွဲခံရပြီး ဇွန်လ ၁၇ ရက်က တရားရုံးတွင် စစ်ဆေးခံနေရစဉ် သေဆုံးသွားခဲ့ကြောင်း နိုင်ငံပိုင် Ahram သတင်းဌာနက ၎င်း၏ ဝက်ဘ်ဆိုဒ်တွင် သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အီရန်နိုင်ငံနှင့်တင်းမားမှုဖြစ်ပေါ်နေစဉ်အတွင်းမှာပင် အရှေ့အလယ်ပိုင်းဒေသ၌ တပ်ဖွဲ့ဝင် ၁,ဝဝဝ ထပ်မံ၍ တိုးမြှင့်တပ်ချထားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ယာယီဝန်ကြီး Shanahan က ဇွန် ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ဇွန်လ ၁၇ ရက် ၌ အယ်လ်ဆာဗေးဒိုး ၊ ဂွာတီမာလာ နှင့် ဟွန်ဒူးရပ်စ် စသည့် အမေရိကတိုက် အလယ်ပိုင်း ဒေသ ရှိ နိုင်ငံများ ၏...
ရန်ကုန် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ဇွန်...
ရန်ကုန် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ညွှန်ကြားရေးမှူး Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ နှင့်...
ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် အမျိုးသား စီမံကိန်းသည် နိုင်ငံ၏ (GDP)ကို ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု မျှော်မှန်းကြောင်း အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ယနေ့ ကျင်းပသော အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၁၉) အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။