Connect with us

Asia

၃၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး တွင် ကပ်ရောဂါ နှင့် ကပ်ရောဂါ အလွန် စီးပွားရေး ပြန်လည် ထူထောင်ရေး နှင့် ပတ်သက်၍ အလေးထား ဆွေးနွေး

ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် Nguyen Xuan Phuc က အာဆီယံ ထိပ်သီးအစည်းအဝေး ဖွင့်ပွဲ ၌ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဟနွိုင်း ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

၃၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး အား ဇွန်လ ၂၆ ရက် တွင် အွန်လိုင်းစနစ် ဖြင့် အစည်းအဝေး ကျင်းပ ပြုလုပ် ခဲ့ပြီး အစည်းအဝေး တက်ရောက် ခဲ့သည့် နိုင်ငံအသီးသီး မှ ခေါင်ဆောင်များ က ကပ်ရောဂါ ရင်ဆိုင်ဖြေရှင်းရေး နှင့် ကပ်ရောဂါ အလွန် စီးပွားရေး ပြန်လည် ထူထောင်ရေး နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။

ယခု အကြိမ် အစည်းအဝေး အား အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဗီယက်နမ် နိုင်ငံ မှ ဦးစီးကျင်းပ ခဲ့ခြင်း ဖြစ်ပြီး ဗီယက်နမ် နိုင်ငံ ဝန်ကြီးချုပ် Nguyen Xuan Phuc က သတင်းစာ ရှင်းလင်းပွဲ တွင် အာဆီယံ နိုင်ငံ အသီးသီး အနေဖြင့် ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သည့် စိတ်ဓာတ် ဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေး နှင့် လူမှုစီးပွား ပြန်လည်ထူထောင်ရေး နှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြကြောင်း ၊ သတ်မှတ်ထားသည့် ရည်ရွယ်ချက် အရ အင်အားကြီးမားသည့် အသိုက်အဝန်း တစ်ခု တည်ဆောက်သွားမည် ဖြစ်ပြီး အာဆီယံ နှင့် ပြင်ပ ပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းစွာ တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၃၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၃၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၃၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

Nguyen Xuan Phuc က အာဆီယံ နိုင်ငံ အသီးသီး ကပ်ရောဂါ တိုက်ဖျက်မှု ရလဒ် နှင့် ပတ်သက်၍ မြင့်မားစွာ အသိအမှတ်ပြုကြောင်း ၊ အာဆီယံ နိုင်ငံ အသီးသီး အနေဖြင့် အတူတကွ လက်တွဲကာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး နှင့် ကပ်ရောဂါ အလွန် စီးပွားရေး ပြန်လည်ထူထောင်ရေး ကို ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ မိတ်ဆွေနိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားပြီး အတူတကွ ကပ်ရောဂါ အား အောင်မြင်စွာ တိုက်ဖျက်သွားလိုကြောင်း ပြောကြား ခဲ့သည်။ 

အစည်းအဝေး တွင် အာဆီယံ နိုင်ငံ အသီးသီး က “စည်းလုံးညီညွတ်၍ တုံ့ပြန်နိုင်စွမ်းရှိသောအာဆီယံဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ မျှော်မှန်းချက် ကြေညာချက်” ကို အတည်ပြုခဲ့ကြကြောင်း ၊ ကြေညာချက် တွင် နိုင်ငံအသီးသီး အနေဖြင့် ကပ်ရောဂါကြောင့် ပြည်သူလူထု အပေါ် ဖြစ်ပွားသည့် သက်ရောက်မှုအား လျှော့ချရန် နှင့် လူမှုစီးပွား အပေါ်ဖြစ်ပွား သည့် အနှုတ်လက္ခဏာ အား လျှော့ချရန် ၊ ဒေသတွင်းစီးပွားရေး ကောင်းမွန်စွာ တည်ငြိမ်မှု ရရှိနိုင်ရန် ၊ ကုန်စည်ပို့ဆောင်ရေး ကွင်းစက် အဆင်ပြေချောမွေ့စေရန် နှင့် ကပ်ရောဂါ ဒုတိယလှိုင်း ပြန်လည် မဖြစ်ပွားစေရန် တို့ပါဝင်ကြောင်း သိရှိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117