Connect with us

Social, Education & Health

တရုတ်နိုင်ငံသား ၉၅ ရာခိုင်နှုန်းကျော် အခြေခံကျန်းမာရေးအာမခံ ရရှိ 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ကျန်းကျိုးမြို့ရှိ Third People’s Hospital ရှိ အထူးကြပ်မတ်ဆောင်တစ်ခုတွင် လူနာအား စောင့်ရှောက်နေသည့် သူနာပြုများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံ၏ အမျိုးသား အခြေခံကျန်းမာရေးအာမခံ အစီအစဉ်များတွင် တရုတ်နိုင်ငံသား ၉၅ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံမှုပေးနိုင်ခဲ့ကြောင်း အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းအင်းများအရ သိရသည်။ 

ယင်းအစီအစဉ်အရ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံရှိ မြို့ပြနှင့် ကျေးလက်နေထိုင်သူများအား ၎င်းတို့ဆေးရုံတက်ရသည့် ကုန်ကျစရိတ်များ၏ ၆၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ထုတ်ပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဘေးကင်းလုံခြုံမှုဆိုင်ရာ နှစ်ပတ်လည် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

၂၀၁၉ ခုနှစ်တွင် မြို့ပြအတွက် အသုံးပြုခဲ့သည့် ကျန်းမာရေးအာမခံအစီအစဉ်ဖြင့် တရုတ်နိုင်ငံသား ၃၂၉ သန်းကို လွှမ်းခြုံနိုင်ခဲ့သလို မြို့ပြနှင့် ကျေးလက် ဒေသခံများအတွက် အစီအစဉ်အရ နောက်ထပ် ၁.၀၂ ဘီလီယံကို လွှမ်းခြုံနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

၂၀၁၉ ခုနှစ်တွင် အမျိုးသား အခြေခံကျန်းမာရေးအာမခံ အစီအစဉ်များအောက်ရှိ ရန်ပုံငွေဝင်ငွေမှာ ယွမ် ၂.၄၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၄၆.၁၃ ဘီလီယံခန့်) ရှိပြီး ၎င်းမှာ တရုတ်နိုင်ငံ ဂျီဒီပီ၏ ၂.၅ ရာခိုင်နှုန်းရှိကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

၂၀၁၉ ခုနှစ်အတွင်း ၎င်းရန်ပုံငွေမှ စုစုပေါင်း သုံးစွဲမှုမှာ ၁၂.၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကာ ယွမ် ၂.၀၉ ထရီလီယံခန့်ရှိလာကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117