Connect with us

Social, Education & Health

တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ က ဇင်ဘာဘွေ နိုင်ငံ ထံသို့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်း

ဇင်ဘာဘွေ နိုင်ငံ ရှိ တရုတ်နိုင်ငံလုပ်ငန်း ကုမ္ပဏီ များ အဖွဲ့ချုပ် က ဇင်ဘာဘွေ နိုင်ငံ အား လှူဒါန်းပေးခဲ့သည့် ပစ္စည်းများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟာရာရီ ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေ နိုင်ငံ ရှိ တရုတ်နိုင်ငံလုပ်ငန်း ကုမ္ပဏီ များ အဖွဲ့ချုပ် က ဇွန်လ ၂၆ ရက် ၌ ဇင်ဘာဘွေ နိုင်ငံ အစိုးရ အား တန်ဖိုးအား ဖြင့် အမေရိကန် ဒေါ်လာ ၅၅,၀၀၀ ခန့်ရှိ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ အား ပေးအပ်လှူဒါန်း ခဲ့ပြီး ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ ထိန်းချုပ်နိုင်ရန် အတွက် ကူညီပေးခဲ့သည်။

ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa ၊ ဇင်ဘာဘွေ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ကော်ရှောင်ချွန်း ၊ ဇင်ဘာဘွေ နိုင်ငံ ရှိ တရုတ်နိုင်ငံလုပ်ငန်း ကုမ္ပဏီ များ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ လျှိုပိုင်ရွှန် တို့က ပေးအပ်လှူဒါန်းခြင်း အခမ်းအနား အား တက်ရောက် ခဲ့ကြသည်။

လျှိုပိုင်ရွှန် က ယခု အကြိမ်လှူဒါန်းသည့် ထောက်ပံ့ရေး ပစ္စည်းများတွင် ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း နှင့် ဆေးဝါးများ ပါဝင်ကြောင်း ၊ ထောက်ပံ့ရေး ပစ္စည်းများ အား ဇင်ဘာဘွေ နိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာန နှင့် အကောက်ခွန်ဌာန စသည့် ဝန်ကြီးဌာန နှင့် အခြားပြည်နယ် များကို ပေးအပ်သွားမည် ဖြစ်ကြောင်း ၊ ဆေးဝါးများအား ဇင်ဘာဘွေ နိုင်ငံ အကြီးဆုံး နိုင်ငံပိုင် ဆေးရုံ အား ပေးအပ်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa က တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ ၏ လှူဒါန်းမှု အပေါ် ကျေးဇူးတင်လိုကြောင်း ၊ ယခု လှူဒါန်းပေးခဲ့သည့် ပစ္စည်းများ က ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ၊ ဇင်ဘာဘွေ နိုင်ငံ ၌ ကပ်ရောဂါ စတင် ဖြစ်ပွား ချိန်တွင် အခက်အခဲများ နှင့် ရင်ဆိုင်ခဲ့ရပြီး တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှု နှင့် lockdown ဆောင်ရွက်မှုများကြောင့် ကပ်ရောဂါ အား ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဇင်ဘာဘွေ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ကော်ရှောင်ချွန်း က ဇင်ဘာဘွေ နိုင်ငံ ၌ ကပ်ရောဂါ ဖြစ်ပွား ပြီးနောက် တွင် တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ဇင်ဘာဘွေ နိုင်ငံ အား ကပ်ရောဂါ တိုက်ဖျက်ရေး ပစ္စည်းများ နှစ်ကြိမ် လှူဒါန်းပေးခဲ့ကြောင်း ၊ ထို့ပြင် တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ပညာရှင် ၁၂ ဦး ဖြင့် ဖွဲ့စည်း ထားသည့် ကပ်ရောဂါ တိုက်ဖျက်ရေး ပညာရှင် အဖွဲ့ ကိုလည်း စေလွှတ်ပေး ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အရပ်ဘက် အဖွဲ့အစည်း အနေဖြင့် ဇင်ဘာဘွေ နိုင်ငံ အား တက်ကြွစွာ လှူဒါန်းမှုများ ဆောင်ရွက်ပေး ခဲ့ပြီး ဇင်ဘာဘွေ နိုင်ငံ ကပ်ရောဂါ ထိန်းချုပ် နိုင်ရန် အတွက် ဆောင်ရွက်ပေးခဲ့ကြကြောင်း ပြောကြား ခဲ့သည်။

ဇွန်လ ၂၆ ရက် ညနေပိုင်း အချိန် ထိ ဇင်ဘာဘွေ နိုင်ငံ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ စုစုပေါင်း ၅၅၁ ဦး ရှိခဲ့ပြီး ၆ ဦး သေဆုံး ခဲ့ကာ ၁၂၈ ဦး ရောဂါ ပြန်လည် သက်သာခဲ့ကြောင်း သိရှိရသည်။  (Xinhua)