ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံသို့ သွားမည့် လေကြောင်းခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်ကြောင်း ထိုင်းအဲဝေး (Thai Airways) နိုင်ငံတကာ အများပိုင်ကုမ္ပဏီလိမိတက် (THAI) က ကြေညာလိုက်ကြောင်း၊ ဥရောပခရီးစဉ်အားလုံးကိုလည်း ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်အတွက် ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်၏ သက်တမ်းတိုးမြှင့်ရေး ကိစ္စအား လွှတ်တော်က အတည်မပြုကြောင်း ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်နာယကက ကြေညာခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) မတ်လ ပထမ (၁၀) ရက်ပတ်တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့၌ နံနက်ပိုင်းမြူထူများဆိုင်းနိုင်ကြောင်း ် မိုးလေဝသ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ နှင့် ပါကစ္စတန်နိုင်ငံ အကြား မြင့်တက်နေသည့် တင်းမာမှုများကို လျှော့ချပြီး ဆွေးနွေးမှု စကားဝိုင်းများ နှင့် ငြိမ်းချမ်းရေးသဘောဆောင်သည့် နည်းလမ်းများဖြင့် အခြေအနေအား ပုံမှန်ဖြစ်အောင် လုပ်ဆောင်ရန် နီပေါနိုင်ငံက ဖေဖော်ဝါရီ ၂၇ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) တပ်မတော်(ရေ)စစ်ရေယာဉ်များသည် ၂၀၁၉ ခုနှစ် မတ် ၃ ရက် မှ ၁၈ ရက် အထိ ကာလအတွင်း ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်းဆောင်ရွက်ရန် အတွက်သတိပေးချက် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။
ရီယိုဒီဂျနေးရိုး၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ တွင် ဖေဖော်ဝါရီ ၂၇ ရက်က ရထား ၂စင်း တိုက်မိခဲ့ရာ ရထားမောင်းသူ တစ်ဦး သေဆုံးပြီး အခြားလူ ၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မစို စိုက်ပျိုးမွေးမြူရေးစခန်းနှင့် ထောက်ကြန့် ကြက်မွေးမြူရေး စခန်းတို့တွင် မြေနေရာများ ငှားရမ်းမည့် ကုမ္ပဏီများကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရရှိပြီးဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ကိဗ်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ရုရှားနိုင်ငံ နှင့် ဆက်လက်ဆွေးနွေးမှုများပြုလုပ်သွားရန် စိတ်ဝင်စားနေကြောင်း ယူကရိန်းနိုင်ငံသို့ ရောက်ရှိနေသည့် ယူကရိန်းအရေးညှိနှိုင်းဆွေးနွေးရေးဆိုင်ရာ အမေရိကန်အထူးသံတမန် Kurt Volker၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာက ဖေဖော်ဝါရီ ၂၇ ရက်တွင်ဖော်ပြခဲ့သည်။
ဟနွိုင်း ၊ ဖေဖော်ဝါရီ ၂၈ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား-အမေရိကန် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး၏ ဒုတိယမြောက်နေ့ အဖြစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ယနေ့(ဖေဖော်ဝါရီ ၂၈ ရက်) တွင် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန် နှင့် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် တို့သည် စတင် ဆွေးနွေးလျက်ရှိသည်။
ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တို့သည် ငြိမ်းချမ်းရေး ဖန်တီးရန်နည်းလမ်းများနှင့် ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆွေးနွေးရန် ဒုတိယအကြိမ်မြောက် ထိပ်သီးတွေ့ဆုံပွဲအဖြစ် ဗီယက်နမ်နိုင်ငံ...