Connect with us

Environment, Disasters & Accidents

ဇွန် ၁၄ ရက်တွင် ငလျင် ၃ ကြိမ်လှုပ်ရှား၊ တစ်ကြိမ်မှာ အင်အားအနည်းငယ်ရှိ 

ကလေးမြို့၏ အနောက်-အနောက်မြောက်ဘက်(၁၂)မိုင်ခန့်အကွာ တွင်လှုပ်ရှားခဲ့သည့် ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) 

၂၀၂၀ ပြည့်နှစ် ဇွန် ၁၄ ရက် တွင် အင်အား ၅ ဒသမ ၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင် တစ်ခု အပါအဝင် တစ်နေ့တည်းတွင် ငလျင် ၃ ကြိမ် လှူပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ငလျင်ဌာနခွဲ မှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာယဉ်မျိုးမင်းထွေးက ဆင်ဟွာသို့ ပြောသည်။

ဒေါက်တာယဉ်မျိုးမင်းထွေးက “ဒီနေ့တစ်နေ့တည်း ၃ ကြိမ်လှုပ်ခဲ့တယ်။ နေရာတွေကတော့ မတူကြပါဘူး။ ငလျင် ၂ ခု ကတော့ လူတွေ ခံစားသိရှိခဲ့ကြတယ်။ ငလျင်တစ်ခု ကတော့ ၅ဒသမ ၀ ဆိုတော့ အင်အားအသင့်အတင့်ရှိတယ်။ ကျန်တဲ့ ငလျင် နှစ်ခုကတော့ အင်အားအနည်းငယ်ပဲရှိပါတယ်’’ ဟုပြောသည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(၁၄)ရက် မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၀၅) မိနစ်၊ (၃၁)စက္ကန့်အချိန် တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၄၆)မိုင် ခန့်ကွာဝေးသော ကလေးမြို့၏ အနောက်-အနောက်မြောက်ဘက်(၁၂)မိုင်ခန့်အကွာ တွင် အနက်(၃၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၄)ရက် မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၄၇)မိနစ်၊ (၁၄)စက္ကန့် အချိန်တွင် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ ၊ မြောက်လတ္တီတွဒ် (၂၂.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၄)ဒီဂရီ၊ အနက် (၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း သိရသည်။ 

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၄)ရက် မြန်မာစံတော်ချိန် (၀၉)နာရီ၊ (၀၉)မိနစ်၊ (၄၃)စက္ကန့် အချိန်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၈၅)မိုင်ခန့်ကွာဝေး သော ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့၏ အနောက်မြောက်ဘက် (၂၈)မိုင်ခန့်အကွာ တွင် အနက် (၂၁)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။အဆိုပါငလျင်များအနက် ဆွမ်ပရာဘွမ်ငလျင် နှင့် သပိတ်ကျင်းငလျင်တို့ ကို သိရှိခံစားခဲ့ရကြောင်း ဒေါက်တာယဉ်မျိုးမင်းထွေး ၏ ပြောကြားချက်အရ သိရသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.