Connect with us

Sport

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲနှင့် အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ များ၏ အုပ်စုလက်ကျန်ပွဲများအတွက် ပြင်ဆင်မှုများလုပ်ဆောင်

မြန်မာ့လက်ရွေးစင်အသင်းယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည်   ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲများ ၏  အုပ်စုလက်ကျန်ပွဲများ အတွက် ပြင်ဆင်မှုများပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးဦးကိုကိုသိန်းက ပြောသည်။ 

ဦးကိုကိုသိန်းက “မြန်မာ့လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ကျန်ပွဲတွေကို အောက်တိုဘာလနဲ့  နိုဝင်ဘာ လမှာ ယှဉ်ပြိုင်ရမှာပါ။ COVID-19  ရောဂါအခြေ အနေအပေါ်မူတည်ပြီး      ပြန်လည်လေ့ကျင့်နိုင်ဖို့အတွက်   နည်းပြချုပ် အန်တွမ်နီဟေးနဲ့        မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်     နည်းစနစ်ကော်မတီတို့ ဆွေးနွေးပြီးဆောင်ရွက်မှာ ဖြစ်ပါတယ်’’ ဟု ၄င်းက ယနေ့တွင် ပြောကြားခဲ့သည်။ 

မြန်မာ့လက်ရွေးစင် အသင်းသည်    မတ်လက   နောက်ဆုံးလေ့ကျင့်ခဲ့ပြီး ပဏာမကစားသမား ၂၀ ကျော်ဖြင့်  ကာလတိုလေ့ကျင့် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ် ပွဲတွင် အုပ်စု (F) ၌ပါဝင်နေပြီး ငါးပွဲကစား ခြောက်မှတ်ရရှိ ထားကြောင်း သိရသည်။  အုပ်စုလက်ကျန်ပွဲများ အဖြစ် အောက်တိုဘာ ၈ ရက်တွင် ဂျပန်အသင်းနှင့် အဝေး ကွင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။  (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.