Connect with us

WORLD

ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပါလက်စတိုင်းသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ ဆေးပညာရှင်အဖွဲ့ ရာမာလာမြို့တွင် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်

ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပါလက်စတိုင်းသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ ဆေးပညာရှင်အဖွဲ့ ရာမာလာမြို့တွင် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်နေသည်ကို ဇွန် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရာမာလာ၊ဇွန် ၁၅ ရက်(ဆင်ဟွာ)

ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပါလက်စတိုင်းသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံဆေးပညာရှင်အဖွဲ့သည် ဇွန် ၁၄ ရက်က ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းရှိ ရာမာလာမြို့သို့ သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး သက်ဆိုင်ရာဌာနများရှိ ဆေးပညာရှင်များနှင့်အတူ ဆွေးနွေးဖလှယ်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ယင်းနေ့တွင် တရုတ်ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့သည် ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဗဟိုပြည်သူ့ကျန်းမာရေးဓါတ်ခွဲခန်းသို့ သွားရောက်၍ ပါလက်စတိုင်းဆေးပညာရှင်များ၏ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှု နောက်ဆုံးနည်းပညာမိတ်ဆက်မှုများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ ထို့နောက် တရုတ်ဆေးပညာရှင်အဖွဲ့ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါဆိုင်ရာ ကော်မတီ၊ ဆေးကုသရေးကော်မတီ၊ ဓါတ်ခွဲခန်းအဖွဲ့၊ အထူးကြပ်မတ်ကုသရေးအဖွဲ့များနှင့် ကူးစက်ရောဂါ COVID-19 ရောဂါ စိစစ်သည့်နည်းလမ်းများ၊ ရောဂါပိုးစစ်ဆေးသည့်နည်းပညာ၊ ဆေးကုထုံးနှင့် ပြင်းထန်ရောဂါ ကုသကယ်ဆယ်ရေးအတွေ့အကြုံများအား  ဆွေးနွေးခဲ့ကြပြီး မာလာရာမြို့ရှိ  COVID-19 ကုသရေးသတ်မှတ်ဆေးရုံ ၂ ခုအား သွား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ 

ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပါလက်စတိုင်းသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ ဆေးပညာရှင်အဖွဲ့ ရာမာလာမြို့တွင် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်နေသည်ကို ဇွန် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန ရောဂါကြိုတင်ကာကွယ်ရေးဦးစီးဌာန အကြီးအကဲ  Ali Abedrabboက ယခုဆွေးနွေးဖလှယ်မှုသည် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်စေကြောင်း ဆိုသည်။ ပါလက်စတိုင်း ဆေးရုံအဆောက်အဦတာဝန်ခံ Ahmad Bitawiက တရုတ်ဆေးပညာရှင်များ လာရောက်ခြင်းသည် နှစ်နိုင်ငံ ဆေးပညာကဏ္ဍ၏ ဆွေးနွေးဖလှယ်မှုများကို ပို၍တိုးပွားစေမည်ဖြစ်ကြောင်းနှင့် ယခုတွေ့ဆုံ ဆွေးနွေးမှုတွင် ပါလက်စတိုင်းအနေဖြင့် တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံများရရှိခဲ့ကြောင်း ဆိုသည်။

ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပါလက်စတိုင်းသို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံ ဆေးပညာရှင်အဖွဲ့ ရာမာလာမြို့တွင် ဆွေးနွေးဖလှယ်မှုများ ပြုလုပ်နေသည်ကို ဇွန် ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါတရုတ်ဆေးပညာရှင်အဖွဲ့သည် ဇွန် ၁၀ ရက်က ပါလက်စတိုင်း ရာမာလာမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။  တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်မှဖွဲ့စည်း၍ ချုံချင့်မြို့ ပြည်သူ့အစိုးရမှ ရွေးချယ်စေလွှတ်သော အဖွဲ့ဝင် ၁၀ ဦး ပါဝင်သည့် အဆိုပါ ဆေးပညာရှင်အဖွဲ့တွင် အသက်ရှူလမ်းကြောင်းနှင့်ကူးစက်ရောဂါ ၊ ခွဲစိတ်ကုသရေး၊ ရောဂါစစ်ဆေးရေး၊ ကူးစက်ရောဂါဆေးရုံစီမံခန့်ရေးနှင့် တရုတ်တိုင်းရင်းဆေးပညာ စသည့်ကဏ္ဍများမှ ကျွမ်းကျင်ပညာရှင်များပါဝင်ရာ ပါလက်စတိုင်းတွင် ရက်သတ္တတစ်ပတ်ကြာ နေထိုင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.