ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်သူ ၁၁ဦးထံတွင် COVID-19 ရောဂါပိုးကူးစက်ထားကြောင်း ယနေ့(ဇွန် ၁၁ ရက်) တွင် စစ်ဆေးတွေ့ရှိခဲ့ပြီး နောက် ယခုအခါ မြန်မာနိုင်ငံတွင် ရောဂါရှိသူ စုစုပေါင်း ၂၆၀ ဦးထိ ရှိလာကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော...
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီအိုလံပစ်အတွက် ပြိုင်ပွဲကျင်းပမည့်ဇုန် သုံးခုအနက် တစ်ခုဖြစ်သော ယန်ချင်းခရိုင်ရှိ ပြိုင်ပွဲကျင်းပရာနေရာနှင့် အရန်နေရာ ၁၃ ခု တည်ဆောက်ခြင်းလုပ်ငန်းသည် ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အလုံးစုံပြီးစီးမည်ဟုမျှော်လင့်ထားကြောင်း ဒေသခံအာဏာပိုင်များက ဇွန် ၁၁...
နယူးဒေလီ၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ဇွန် ၁၁ ရက် ထုတ်ပြန်ချက်များအရ အိန္ဒိယတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 အသစ်ထပ်တိုး အတည်ပြုလူနာ ၉,၉၉၆ ဦးရှိရာ နိုင်ငံအတွင်း စုစုပေါင်းအတည်ပြုလူနာ ၂သိန်း ၈ သောင်းကျော်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်လေ့လာမှုပြုလုပ်နေသည့် တရုတ်နိုင်ငံမှ လူမှုအဖွဲ့အစည်းတစ်ခုက “COVID-19 ကပ်ရောဂါက အမေရိကန်ပုံစံ လူ့အခွင့်အရေးများ(U.S.-Style Human Rights) ၏ အကြပ်အတည်းကို ပို၍ ကြီးထွားစေခဲ့ ” ဟူသည့် ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင်ကို ယနေ့ ဇွန်...
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါကြောင့် ရွှေ့ဆိုင်း ထားသည့် ၂၀၂၀ ရာသီ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၁၂ ရက်အထိ ပြန်လည်ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
ကန်ပါလာ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအစိုးရမှ ယူဂန်ဒါနိုင်ငံသို့ သီးနှံဖျက် ကျိုင်းကောင်းကာကွယ်တိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများအား ပေးအပ်လှူဒါန်းခဲ့ရာ ယင်းလှူဒါန်းပွဲအခမ်းအနားကို ဇွန် ၁၀ ရက်က ယူဂန်ဒါနိုင်ငံ ကန်ပါလာမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အခြေခံအဆောက်အအုံအသစ် တည်ဆောက်မှု မြှင့်တင်ရေး အားထုတ်မှုအဖြစ် ယခုနှစ်အတွင်း အင်တာနက် 5G ကွန်ရက်အခြေစိုက်စခန်း ၁၃,၀၀၀ ထပ်မံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပေကျင်း မြူနီစီပယ် အာဏာပိုင်များက ဇွန် ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် အနောက်တောင်မုတ်သုံလေသည် တစ်နိုင်ငံလုံးသို့ ဇွန် ၁၀ ရက် တွင် စတင် ဝင်ရောက်ခဲ့ပြီး မိုးဦးကာလကို ရောက်ရှိပြီဖြစ်ကြောင်း၊ မုတ်သုံဝင်ရောက် သော်လည်း မုတ်သုံညံ့နေသေးကြောင်း၊ မိုးလေဝသ နှင့်...
ဗီယင်ကျန်း၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) လာအိုနိုင်ငံ၏ နောက်ဆုံး COVID-19 ရောဂါလူနာ တစ်ဦးသည် ဗီယင်ကျန်းမြို့ရှိ ဆေးရုံတစ်ရုံမှ ဇွန် ၉ ရက်တွင် ဆင်းသွားပြီဖြစ်ကြောင်း လာအို ကျန်းမာရေးဝန်ကြီးဌာနာ သတင်းအချက်အလက်နှင့်လေ့ကျင့်ရေးစင်တာက ယင်နေ့တွင် ကြေညာခဲ့သည်။
ထိုက်ယွမ် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်(Shanxi) ရှိ ထိုက်ယွမ်ဂြိုလ်တုလွှတ်တင်ရေးစင်တာမှ သမုဒ္ဒရာစောင့်ကြည့်လေ့လာရေး ဂြိုလ်တုတစ်စင်းကို ယနေ့ ဇွန် ၁၁ ရက်တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရသည်။