Connect with us

WORLD

လာအိုနိုင်ငံတွင် COVID-19 ရောဂါလူနာကင်းစင်၊ လူမှုဘဝများ တစ်စတစ်စ ပုံမှန် ပြန်လည်ပတ်လာ

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၏မြင်ကွင်းများကို ဇွန် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

လာအိုနိုင်ငံ၏ နောက်ဆုံး COVID-19 ရောဂါလူနာ တစ်ဦးသည် ဗီယင်ကျန်းမြို့ရှိ ဆေးရုံတစ်ရုံမှ ဇွန် ၉ ရက်တွင် ဆင်းသွားပြီဖြစ်ကြောင်း လာအို ကျန်းမာရေးဝန်ကြီးဌာနာ သတင်းအချက်အလက်နှင့်လေ့ကျင့်ရေးစင်တာက ယင်နေ့တွင် ကြေညာခဲ့သည်။ 

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၏မြင်ကွင်းများကို ဇွန် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၏မြင်ကွင်းများကို ဇွန် ၁၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိတွင် လာအိုနိုင်ငံ၌ COVID-19ရောဂါဖြစ်ပွားသူ ၁၉ ဦးစလုံး ရောဂါသက်သာပျောက်ကင်းသွားပြီဖြစ်ရာ လူမှုဘဝများ တစ်စတစ်စ ပုံမှန် ပြန်လည်နေပြီဖြစ်သည်။လာအိုနိုင်ငံ၌ပထမဆုံး COVID-19ရောဂါအတည်ပြုလူနာ နှစ်ဦး တွေ့ရှိကြောင်းကို မတ် ၂၄ ရက်တွင် ယင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီးနောက်ပိုင်း စုစုပေါင်းအတည်ပြုလူနာ ၁၉ ဦးထိရှိခဲ့ကြောင်း၊  ယင်းနောက် ဇွန် ၉ ရက်အထိ ၅၈ ရက် ဆက်တိုက် ထပ်တိုးလူနာမရှိဘဲ ယခုကဲ့သို့ ရောဂါကင်းစင်သော နိုင်ငံတစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)