Connect with us

Science & Technology

ပေကျင်းမြို့တွင် ယခုနှစ်အတွင်း 5G အခြေစိုက်စခန်း ၁၃,၀၀၀ ထပ်မံတည်ဆောက်မည်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်သည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့ 5G ကွန်ဗင်းရှင်း၌ ခင်းကျင်းပြသထားသည့် ဟွာဝေးပြခန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တွင်  အခြေခံအဆောက်အအုံအသစ် တည်ဆောက်မှု မြှင့်တင်ရေး အားထုတ်မှုအဖြစ် ယခုနှစ်အတွင်း အင်တာနက် 5G ကွန်ရက်အခြေစိုက်စခန်း ၁၃,၀၀၀ ထပ်မံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပေကျင်း မြူနီစီပယ် အာဏာပိုင်များက ဇွန် ၁၀ ရက်တွင် ပြောကြားလိုက်သည်။

အခြေခံအဆောက်အအုံ အသစ်တည်ဆောက်မှု မြှင့်တင်ရေးဆိုင်ရာ ပေကျင်းမြို့၏ စီမံကိန်း (၂၀၂၀-၂၀၂၂) အရ 5G အခြေစိုက်စခန်းပေါင်း ၃၀,၀၀၀ ကျော်ထိ တည်ဆောက်မှုကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးဖွယ်ရှိကြောင်း သိရသည်။

ထို့ပြင် ပေကျင်းမြို့သည် အခြား 5G အခြေစိုက်စခန်းအမျိုးမျိုးနှင့်အတူ 5G plus VR/AR ပါဝင်သော Virtual shopping တည်ဆောက်ရေးနှင့် ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပွဲအတွက် 5G အသွင်ကူးပြောင်းမှုနေရာများကိုလည်း မြှင့်တင်သွားမည် ဖြစ်ကြောင်း စီမံကိန်းအရ သိရသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117