Connect with us

MYANMAR

COVID-19 ရောဂါပိုး ပြည်ပမှ ပြန်လာသူ ၁၁ဦးထံတွင် စစ်ဆေးတွေ့ရှိ၊ ရောဂါရှိသူ စုစုပေါင်း ၂၆၀ ဦးထိ ရှိလာ

ရန်ကုန်မြို့ရှိပြည်သူများ COVID-19 ကြိုတင်ကာကွယ်ရေးများအဖြစ် maskတပ်ဆင် သွားလာနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်သူ ၁၁ဦးထံတွင် COVID-19 ရောဂါပိုးကူးစက်ထားကြောင်း ယနေ့(ဇွန် ၁၁ ရက်) တွင် စစ်ဆေးတွေ့ရှိခဲ့ပြီး နောက် ယခုအခါ မြန်မာနိုင်ငံတွင် ရောဂါရှိသူ စုစုပေါင်း ၂၆၀ ဦးထိ ရှိလာကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)  ၊ ဆေးသုတေသနဦးစီးဌာန (DMR)၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) နှင့်  ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) တို့မှ ဓာတ်ခွဲနမူနာ (၁,၂၉၇)ခု အား စစ်ဆေးရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၁) ဦးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးတွေရှိသူ ၁၁ ဦးတွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ရောက်ရှိသူ ၁၀ဦးနှင့် ဘင်္ဂလားဒေရှ့်နိုင်ငံမှ ပြန်လာသူ ၁ဦးတို့ဖြစ်ပြီး ၎င်းတို့သည် အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်း ပြည်ပမှပြန်လာသူ ၁၁ ဦးသည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ပုဇွန်တောင်မြို့နယ်နှင့် မင်္ဂလာတောင်ညွှန်မြို့နယ်နှင့် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း (၁၆၅) ဦးရှိကြောင်း၊၎င်းတို့အနက် (၁၅၀) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။  (Xinhua)