ရန်ကုန်၊ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ကျပ် သိန်း ၁၄၀၀ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ) အစိုးရအနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်ကာ တိုးမြှင့်ခံစားခွင့်ပြုထားပြီး လက်ရှိတွင် တိုးမြှင့်ပင်စင်ထုတ်ယူရန် လူ ၂သိန်းခန့် ကျန်ရှိနေကြောင်း ပင်စင်ဦးစီးဌာနက ထုတ်ပြန်ချက်အရသိရသည်။
အန်ကာရာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံမှ အမေရိကန် တပ်များရုပ်သိမ်းရေးနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တူရကီနိုင်ငံ သမ္မတ ရီဆက် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဖေဖော်ဝါရီ...
ပေကျင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) သည် ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဒဲလ် အယ်လ်-ဂျူဘီယာ (Adel al-Jubeir) အား မြို့တော် ပေကျင်း၌ ဖေဖော်ဝါရီလ ၂၁ ရက်က လက်ခံတွ့ဆုံခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ချင်းပြည်နယ် ဖလမ်းမြို့ရှိ ဆူရ်ဘုန် လေယာဉ်ကွင်းတည်ဆောက်မှုတွင် ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အက်ဆမ်ပြည်နယ်တွင် အရက်တုများ သောက်သုံးပြီးနောက် အမျိုးသမီး ၈ ဦးအပါအဝင် လူ ၁၄ ဦးသေဆုံးကာ အခြားသူ ၁၃ ဦး ဖျားနာခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
မာပူတို၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) မိုဇမ်ဘစ်နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ဆန် တန်ချိန် ၅,၇၀၀ ထောက်ပံ့ရန် တရုတ်နိုင်ငံက ကတိပြုထားသော သဘောတူညီချက်အား မိုဇမ်ဘစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ဆရီနာဂါ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံက ထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသတွင် နှင်းတောင်ပြိုကျမှုကြောင့် အနည်းဆုံး လူနေအိမ် အလုံး ၃၀ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မြန်မာ နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း၍ တတိယအကြိမ်အဖြစ် ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။
ဟနွိုင်း၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တွင် တွေ့ဆုံရန် စီစဉ်ထားသော အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သတင်းယူရန်အတွက် ပြည်ပသတင်းသမား ၂,၆၀၀ ခန့် စာရင်းပေးထားကြောင်း ဗီယက်နမ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး လီဟွိုင်းထရန် (Le Honai...