ဝါရှင်တန် ၊ မေ ၁၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့်စ်(Mike Pence) ၏ သတင်းထုတ်ပြန်ရေးမှူးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ဒုသမ္မတပန့်သည် မိမိကိုယ်ကို လူအများနှင့်ခပ်ခွာခွာ နေထိုင်ပြုမူလျက်ရှိကြောင်း အမေရိကန်မီဒီယာက မေ ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ကျန့်အန်း၊ မေ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆန် ရှီးပြည်နယ် ဆန်းလော့မြို့ ကျန့်အန်းခရိုင်မြို့သည် ချင်းလျင်ရိုးမ တောင်တန်းတွင် တည်ရှိသည့် မြို့လေးတစ်မြို့ဖြစ်ရာ ယခုနှစ်ပိုင်းများတွင် အေးချမ်းသာယာလှပသော အပန်းဖြေအနားယူရာမြို့လေးတစ်မြို့အဖြစ် အခြေခံအဆောက်အဦ ပြည်စုံကောင်းမွန်သည့် စိမ်းလန်းစိုပြေဥယျာဉ်မြို့လေးအနေဖြင့် အဓိကထားတည်ဆောက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂ ဦး ထပ်မံ တွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ည ၈ နာရီ ထုတ်ပြန်ခဲ့ပြီးနောက် စုစုပေါင်း ရောဂါ ဓာတ်ခွဲ...
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) COVID-19 ရောဂါဖြစ်ပွားသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ပရဟိတ အခမဲ့ဆေးခန်း(Community Base Fever Clinic)များတိုးချဲ့ဖွင့်လှစ်နေပြီး ဆေးရုံများ နှင့်ပါ ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း Community Fever Clinic Network မှ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ နေမင်းထက် က...
ဂျိုဟန်နက်စ်ဘာ့ဂ် ၊ မေ ၁၀ ရက်(ဆင်ဟွာ) တရုတ်-တောင်အာဖရိက နှစ်နိုင်ငံ တပ်မတော်အကြား COVID-19ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွေ့အကြုံမျှဝေမှုနိုင်ငံတကာ ဆွေးနွေးဖလှယ်ပွဲအား ပြီးခဲ့သောရက်များက ကျင်းပခဲ့ရာ နှစ်နိုင်ငံတပ်မတော် ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်နေကြသည့် လက်တွေ့ဆေးကုသရေး၊ ရောဂါစစ်ဆေးရေး၊ ကာကွယ်ထိန်းချုပ်ရေးစသည့် ကဏ္ဍများမှ ကျွမ်းကျင်းပညာရှင်များနှင့် တောင်အာဖရိကနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ ဝန်ထမ်းများအပါအဝင် လူ...
နယူးယောက်၊ မေ ၁၀ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံးတွင် COVID-19 ဖြစ်ပွားသူ စုစုပေါင်း ၄ သန်း ကျော်ရှိပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ မေ ၉ ရက်တွင် ထုတ်ပြန်သည့်နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းဆောင်ရွက်မှုတစ်ချို့ ကြောင့် လျှပ်စစ်မီးခေတ္တပြတ်တောက်မှုများမှအပ ၂၀၂၀ပြည့်နှစ် မေလအတွင်း ၂၀၁၉ ခုနှစ်က ကဲ့သို့ အလှည့်ကျ မီးပျက်ရန် မရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အထွေထွေမန်နေဂျာ ဦးကျော်သူက ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ မေ ၁၀ ရက်(ဆင်ဟွာ) ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)က ဆေးလိပ်သောက်သုံးခြင်းဖြင့် COVID-19 ရောဂါကို ကာကွယ်တားဆီးနိုင်ခြင်း မရှိကြောင်း မေ ၈ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အတိုးနှုန်းလျော့ချကာ မေလ ၁၅ ရက်မှ စတင်ပြီး ထုတ်ချေးပေးမည်ဖြစ်ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ လျှို့ဝှက်ပူးပေါင်းကြံစည်မှုသီအိုရီများ ပျံ့နှံ့စေခဲ့သူများသည် မကောင်းသော ရည်ရွယ်ချက်များ ရှိလျှင်ရှိ သို့မဟုတ် ဗဟုသုတလုံးဝမရှိဘဲ လုပ်ဆောင်နေခြင်းသာ ဖြစ်ပါသည်။