Connect with us

MYANMAR

COVID-19 ရောဂါ ပိုးရှိသူ နှစ်ဦး ထပ်တိုး ၊ ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၀ ဦးရှိလာ

ရန်ကုန်မြိုတွင်း နှာခေါင်းစည်း တပ်ဆင်သွားလာသူ တစ်ဦးအား ကိုယ်ပူချိန် တိုင်းတာ စစ်ဆေးမှု တစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၁၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်  ၂ ဦး ထပ်မံ တွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ည ၈ နာရီ ထုတ်ပြန်ခဲ့ပြီးနောက် စုစုပေါင်း ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၈၀ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ 

ယခု ထပ်မံ၍ ရောဂါပိုး တွေ့ရှိသူ နှစ်ဦးမှာ  အသက် ၂၁ နှစ် အရွယ်ရှိသူ ရန်ကုန်တိုင်း ဒေသကြီး အင်းစိန် နှင့် မရမ်းကုန်း မြို့နယ်တို့တွင် နေထိုင်ခဲ့သော အမျိုးသား နှင့် အမျိုးသမီး နှစ်ဦး ဖြစ်ပြီး COVID-19 ရောဂါ အတည်ပြု လူနာများနှင့် ထိတွေ့မှု ရှိခဲ့သူများ ဖြစ်ပြီး အသွားအလာ ကန့်သတ်မှု ထားရှိသူများ ဖြစ်ကြောင်း သိရသည်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ (၉၀) ခုနှင့် ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ (၁၁၅) ခု၊ စုစုပေါင်း (၂၀၅)ခုကို ယနေ့ မေ ၁၀ ရက် ညနေပိုင်းတွင် စစ်ဆေးခဲ့ရာ ယခုကဲ့သို့ စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

ထို့အတူ ဓာတ်ခွဲစစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၌ (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case – 98, 141, 142 နှင့် 144) ရှိခဲ့သဖြင့် ရောဂါပိုးကင်းစင်လာသူစုစုပေါင်း (၇၂) ဦးရှိပြီဖြစ်ကြောင်း ၊ ၎င်းတို့အနက် (၅၅) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ ၆ ဦးရှိကြောင်းလည်း သိရသည်။ (Xinhua) 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117