နယူးယောက်၊ ဧပြီ ၁ ရက် (ဆင်ဟွာ) ပီရူးနိုင်ငံ Chimbote မြို့ အနောက်တောင်ဘက် ၁၂၉ကီလိုမီတာ အကွာတွင် မတ် ၃၁ရက် ဂရင်းနစ်စံတော်ချိန် ၁၅၂၇နာရီတွင် အင်အား ၅.၄ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ က ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ်၃၁ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း-အုတ်တွင်းကားလမ်း ပဲခူးရိုးမပေါ်တွင် မတ်လ ၃ဝ ရက်ကကားတစ်စီးချောက်ထဲပြုတ်ကျပြီး လူ၁၅ ဦးသေဆုံးကာ ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ် ဦးက ဆင်ဟွာကို ယနေ့ညနေ ၅း၃၀ နာရီတွင်ဖြေကြားခဲ့သည်။
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ယနေ့ညနေမှ (၄.၄.၂၀၁၉) ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ် အချို့တွင် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်...
ပေကျင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ) အီကွေဒေါနိုင်ငံ အနောက်တောင်ပိုင်း ဆန်တာအယ်လန်နာမြို့အနီး၌ မတ်လ ၃၁ ရက် ဂရင်းနစ်စံတော်ချိန် နံနက် ရး၀၄ နာရီက အင်အား ၆.၂ ပမာဏရှိသော ငလျင်တစ်ခုလှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးထံမှ သိရသည်။
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ ကို ယနေ့ ရန်ကုန်မြို့ တွင် ကျင်းပလျက်ရှိပြီး နိုင်ငံတော် သမ္မတဦးဝင်းမြင့် နှင့်ဇနီး ဒေါ်ချိုချို တို့မိသားစုကလည်း ယနေ့နံနက် တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ကျားကွက်သစ်ရပ်ကွက်၊ မဲရုံအမှတ် (၃) တွင်ဆန္ဒမဲလာရောက်ပေးခဲ့ကြောင်း...
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ပထမဆုံးသော စက်ရုပ်ပြိုင်ပွဲဖြစ်သည့် Myanmar RoboLeague 2019 ပြိုင်ပွဲအတွက် လျှောက်လွှာများစတင်ခေါ်ယူလျက်ရှိကြောင်း ဖန်တီးရာ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဗယ်လတ်တာ၊ မတ် ၃၁ ရက် (ဆင်ဟွာ) ပင်လယ်အတွင်းမှ ကယ်ဆယ်ခဲ့ရသည့် အာဖရိကန် ဆယ်ကျော်သက် ၃ ဦးမှာ သင်္ဘောအား မော်လ်တာနိုင်ငံသို့ လမ်းကြောင်းပြောင်းရန် အတင်းအကြပ် ပြန်ပေးဆွဲခဲ့ခြင်းကြောင့် တရားစွဲခံခဲ့ရကြောင်း သိရသည်။
ကိဗ်၊ မတ် ၃၁ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တွင် သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးမှုကို မတ် ၃၁ ရက် ဒေသစံတော်ချိန် နံနက် ၈နာရီတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
မွမ်ဘိုင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ ဆောက်လက်စ အဆောက်အအုံ၏ ၅ထပ်မှ အသက် ၄၅နှစ်အရွယ် အလုပ်သမားတစ်ဦး မတ်၃၀ ရက်တွင် ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ မတ် ၃၁ ရက်(ဆင်ဟွာ) နေ့စဉ်ရက်ဆက်မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် အာဖဂန်နစ္စတန်နိုင်ငံ အနောက်ပိုင်းတွင် ရေဘေးဖြစ်ပွားလျက်ရှိရာ သေဆုံးသူ ၂၇ ဦး၊ ဒဏ်ရာရသူ ၃၀ ကျော်ရှိပြီဖြစ်ကြောင်း အာဖဂန်မီဒီယာများက မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။