Connect with us

MYANMAR

တပ်မတော်က နေပြည်တော်တွင် လူ ၁၅,၀၀၀ ဆံ့ COVID-19 စောင့်ကြည့်စင်တာ ပြင်ဆင်ထားရှိဟုဆို

နေပြည်တော်၊ ပျဉ်းမနားမြို့ သီရိပတ်သီရာ ကာလီယမ္မာန် ဟင်ဒူဘုရားကျောင်း၌ တပ်မတော် သားများ COVID-19 ကာကွယ်ဆေး ဖြန်းပေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၁ ရက်(ဆင်ဟွာ)

နေပြည်တော်တွင် COVID-19 ရောဂါ စောင့်ကြည့်ခံရသူ ဦးရေ တစ်သောင်းခွဲကို တစ်ပြိုင်နက်တည်း Quarantine လုပ်နိုင်ရန်အတွက် နေရာ ထိုင်ခင်း စားဝတ်နေရေး အားလုံးကို တပ်မတော်က ပြင်ဆင် ထားရှိပြီးဖြစ်သည်ဟု နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ဧပြီ ၁ ရက် တွင် မီဒီယာများသို့ ပြောကြားခဲ့သည်။ 

နေပြည်တော်၊ ပျဉ်းမနားမြို့ သီရိပတ်သီရာ ကာလီယမ္မာန် ဟင်ဒူဘုရားကျောင်း၌ တပ်မတော်သား များက COVID-19 ကာကွယ်ဆေး ဖြန်းပေးခြင်း၊ ၎င်းဘုရားကျောင်းရှိ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် များအား ကျန်းမာရေး စစ်ဆေးခြင်း၊ အာဟာရ ပစ္စည်းများ ထောက်ပံ့ခြင်း၊ အားပေးစကား ပြောကြား ခြင်းတို့ကို ဆောင်ရွက်ပြီးချိန်၌ တိုင်းမှူးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နေပြည်တော်၊ ပျဉ်းမနားမြို့ သီရိပတ်သီရာ ကာလီယမ္မာန် ဟင်ဒူဘုရားကျောင်း၌ တပ်မတော် သားများ COVID-19 ကာကွယ်ဆေး ဖြန်းပေးနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ပျဉ်းမနားမြို့ သီရိပတ်သီရာ ကာလီယမ္မာန် ဟင်ဒူဘုရားကျောင်း၌ တပ်မတော် သားများ COVID-19 ကာကွယ်ဆေး ဖြန်းပေးနေစဉ် (ဆင်ဟွာ)

ဘုရားကျောင်းရှိ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များအား ကျန်းမာရေး စစ်ဆေးပြီး အားပေးစကားများ ပြောကြားနေစဉ် (ဆင်ဟွာ)

ဘုရားကျောင်းရှိ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များအား ကျန်းမာရေး စစ်ဆေးပြီး အားပေးစကားများ ပြောကြားနေစဉ် (ဆင်ဟွာ)

တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်က ”ရွာတော် စစ်ကြောရေးနဲ့ တည်းခိုရေး အမှတ် (၃) စခန်းမှာ ပြင်ဆင် ထားတယ်။ တပ်ချုပ်ကြီးကလည်း သူ့ရဲ့ အစည်းအဝေးမှာ ပြောကြားပြီးဖြစ်ပါတယ်၊ အင်အား တစ်သောင်းခွဲလောက်ထိ ပြည်သူလူထုအနေနဲ့ Quarantine လုပ်ဖို့ လိုအပ်လာပြီဆိုရင် အမှတ် (၃) စစ်ကြောရေးနှင့် တည်းခိုရေးမှာ ပြင်ဆင်ထားပြီးဖြစ်ပါတယ်” ဟု ပြောခဲ့သည်။ 

အဆိုပါ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာတော် ရှိ နေပြည်တော် တိုင်း စစ်ဌာချုပ်၏ စစ်ကြောရေးနှင့် တည်းခိုရေး အမှတ် (၃) စခန်းတွင် စားသောက်ရေးက အစ သန့်ရှင်းရေး၊ အိပ်ယာ၊ စောင်၊  အားလုံး စီစဉ်ထားပြီး ချက်ပြုတ်ရေးအတွက်လည်း အဖွဲ့များ ဖွဲ့စည်း ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် တိုင်းမှူးဗိုလ်ချုပ်မြင့်မော်က “ နောင်လိုအပ်လာမယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ တပ်မ တော် အနေနဲ့  ကုသရေးအတွက် လိုအပ်လာမယ်ဆိုရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ပြောထား သလိုပဲ၊ လိုက်လံ ကုသရေးအသင်းတွေ ဖွဲ့စည်းထားတယ်။ အဲ့ဒါတွေနဲ့ ပေါင်းစပ်ပြီး လိုအပ်တဲ့ အချိန် တွေမှာ ဝိုင်းဝန်ကူညီဆောင်ရွက်သွား မှာဖြစ်ပါတယ်” ဟု လည်း ဖြည့်စွက်ပြောကြားခဲ့သည်။ 

တပ်မတော်အနေဖြင့် လက်ရှိတွင် နေပြည်တော်ရှိ ဘာသာရေး အဆောက်အအုံများ၊ လူစည်ကားရာ နေရာများတွင် ပိုးသတ်ဆေးဖြန်းခြင်းများ လိုက်လံလုပ်ဆောင်ပေးလျက်ရှိသည်။ COVID-19 ကာကွယ်တားဆီးရေးနှင့် ပတ်သက်ပြီး နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ပုဗ္ဗသီရိ၊ ဒက္ခိဏ သီရိ၊ ဥတ္တရသီရိနှင့် ဇေယျာသီရိမြို့ နယ် များရှိ ကုတင် ၅၀ ဆေးရုံများတွင် စောင့်ကြည့်ရမည့် သူများ အား စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင် ရွက်ပေးနေပြီး စည်ပင်ဧည့်ရိပ်သာတွင်လည်း စောင့်ကြည့်လူနာများအတွက် Quarantine Centers များ ထားရှိ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။  (Xinhua)