Connect with us

WORLD

အမေရိကန်နိုင်ငံသည် COVID-19 ကူးစက်ခံရသော လူနာ ၂ သိန်းကျော်ရှိသည့် ပထမဆုံးနိုင်ငံဖြစ်လာ

အမေရိကန်နိုင်ငံ၌ COVID-19 ယာယီဆေးရုံတည်ဆောက်ထားမှု အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် ဧပြီ ၁ ရက်တွင် ကမ္ဘာပေါ်၌ COVID-19 ကူးစက်ခံရသော လူနာဦးရေ ၂ သိန်းကျော်ရှိသည့် ပထမဆုံးနိုင်ငံဖြစ်လာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းဖော်ပြချက် အရသိရသည်။

ဧပြီ ၁ ရက် ညနေပိုင်းထိ အမေရိကန်နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူ ၂၀၃,၆၀၈ ဦးရှိကြောင်း နှင့် သေဆုံးသူ ၄,၄၇၆ ဦးရှိကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန၏ နောက်ဆုံးထုတ်ပြန်ချက် အရသိရသည်။နယူးယောက်ပြည်နယ်တွင် ကူးစက်ခံရမှု အများဆုံးဖြစ်ပြီး ၈၃,၇၁၂ ဦးထိရှိကြောင်း နှင့် သေဆုံးသူ ၁,၉၄၁ ဦးရှိကြောင်း ၊ ယင်းမှာ အမေရိကန်ပြည်နယ် နှင့် ဒေသများအနက် ကူးစက်မှု နှင့် သေဆုံးမှု နှစ်ခုစလုံးတွင် အမြင့်ဆုံး ပြည်နယ်အဖြစ်ရပ်တည်နေကြောင်း သိရသည်။လက်ရှိတွင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် COVID-19 ကူးစက်ခံရသူ ၉၁၁,၀၀၀ ဦး ၊ သေဆုံးသူ ၄၅,၄၉၇ ဦး နှင့် ပြန်လည်ကောင်းမွန်လာသူ ၁၉၁,၀၀၀ ဦး အသီးသီးရှိကြောင်း သိရသည်။(Xinhua)