Connect with us

VIDEO

တရုတ်နိုင်ငံတွင် COVID-19 ကုသရေးအတွက် အသက်ရှူစက် အရေအတွက်များစွာ ထုတ်လုပ်ရန်ကြိုးပမ်း

ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

COVID-19 ရောဂါ အခြေအနေ ပြင်းထန်သူများအတွက် အသက်ရှူစက်သည် အလွန်အထောက်အကူ ဖြစ်စေကြောင်း သက်သေအထောက်အထား ရှိထားခဲ့ပြီးဖြစ်သည်။ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အသက်ရှူစက် ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Aeonmed သည် လက်ရှိ ဈေးကွက်အတွင်း လိုအပ်လျှက်ရှိသည့် အသက်ရှူစက်များကို အရေအတွက် များစွာ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။Aeonmed ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Li Kai က “ကျွန်တော်တို့ တရုတ်ပြည်တွင်းဆေးရုံတွေကို အသက်ရှူစက် အလုံးပေါင်း၂,၀၀၀ ခန့် ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ပါတယ် အဲဒီထဲကမှ အလုံး ၁,၀၀၀ ကိုတော့ ဟူပေပြည်နယ်ကို ပို့ဆောင်ခဲ့တာပါ”ဟုဆိုသည်။ 

VG70  အမျိုးအစား အသက်ရှူစက်ကို ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ကျယ်ပြန့်စွာအသုံးပြုလျက်ရှိသည်။ ၎င်းသည် invasive နှင့် non invasive နှစ်မျိုးစလုံးအတွက် အသုံးပြုနိုင်သည့် အသက်ရှူစက်အမျိုးအစားဖြစ်ပြီး ရောဂါ အခြေအနေ ပြင်းထန်သည့်လူနာများတင်မကဘဲ ရောဂါ ကူးစက်ခံရပြီး အခြေအနေ မပြင်းထန်သေးသည့် လူနာများလည်းအသုံးပြုနိုင်ကြောင်းသိရသည်။  

ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်ခံရသည့် လူနာအရေအတွက် များပြားလာသည်နှင့်အမျှ အသက်ရှူစက်လိုအပ်ချက်မှာလည်း မြင့်မားလျက်ရှိကြောင်း Aeonmed ကုမ္ပဏီအနေဖြင့် နိုင်ငံနှင့်ဒေသပေါင်း၃၅ ခုမှ အသက်ရှူစက်အမှာစာများကိုလက်ခံရရှိထားပြီးဖြစ်ကြောင်း နှင့် ဆာဘီးယားနိုင်ငံသို့  အသက်ရှူစက်အလုံးပေါင်း ၁၄၅ လုံးကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.