မိုဂါဒစ်ရှူး၊ ဒီဇင်ဘာလ ၂၂ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ သမ္မတနန်းတော်အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နံနက်ပိုင်းက အသေခံကားဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက မြန်မာ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒီဇင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန် ကြေညာခဲ့သည်။
ဟာဗာနာ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ကျူဘားနိုင်ငံ၏ စီးပွားရေးသည် ၂၀၁၈ခုနှစ်၌ ၁.၂ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ၂၀၁၉ခုနှစ်တွင် ၁.၅ ရာခိုင်နှုန်း အထိ တိုးတက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း စီးပွားရေးဝန်ကြီးက ဒီဇင်ဘာ ၂၁ ရက်က ပြောကြားလိုက်ပါသည်။
ခတ္တမန္ဒူ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ အနောက်ပိုင်း ဒန်ခရိုင်ရှိ အဝေးပြေးလမ်းမပေါ်တွင် ဒီဇင်ဘာလ ၂၁ ရက်က ပျော်ပွဲစားမှ ပြန်လာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၁၆ ဦးထက်မနည်း သေဆုံး၍ ၁၄ ဦးမှာ ဒဏ်ရာရရှိခဲ့ပြီး အခြားသူ ၇ ဦး...
နယူးဒေလီ ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က ဒီဇင်ဘာ ၂၁ ရက် တွင် အိန္ဒိယ နိုင်ငံ နယူးဒေလီ မြို့တွင် ကျင်းပ ပြုလုပ်သည့် တတိယ...
လာဂို့စ် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယား နိုင်ငံ မြို့တော် အဘူဂျာ အနီးတွင် နိုင်ဂျီးရီးယား ကာကွယ်ရေး အကြီးအကဲဟောင်း Alex Badeh ကို အမည်မသိ သေနတ်သမားက ဒီဇင်ဘာ ၁၈ ရက်တွင် ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့မှု အပေါ် စုံစမ်းမှုများ ပြုလုပ်ရန်...
ဘေရွတ်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံ၏ စီးပွားရေးဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် နိုင်ငံအတွင်းရှိ ဆီးရီးယား ဒုက္ခသည်များအား ၎င်းတို့၏ နိုင်ငံသို့ ပြန်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ကူညီပေးရန် သမ္မတ မစ်ချယ် အော်ဝန် (Michel Aoun) က တိုက်တွန်းပြောကြားလိုက်ကြောင်း သမ္မတရုံးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဧရာဝတီဘဏ်(၁)သို့ လာရောက်ငွေလွှဲသူထံမှ တစ်သောင်းကျပ်တန်ငွေစက္ကူအတု၅၀ရွက် သိမ်းဆည်းရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၄၈၂ ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာတည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ) မြန်မာ့ သစ်တော မူဝါဒ(၁၉၉၅)ပါ ရည်မှန်းချက် အရ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး ဆိုင်ရာ နိုင်ငံ အလိုက် ဆောင်ရွက် ရမည့် ကတိကဝတ်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သောကြောင့် ၂၀၃၀ ပြည့်နှစ် နောက်ဆုံးထား၍ နိုင်ငံဧရိယာ စုစုပေါင်း၏...