Connect with us

MYANMAR

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ COVID-19 ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက် အဖြစ် အများပြည်သူဝင်ရောက်ခွင့်ကို ကန့်သတ်

ရန်ကုန်လေဆိပ်၌ Mask တပ်ဆင် သွားလာနေသည့် ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၈ ရက်(ဆင်ဟွာ)

ကူးစက်မြန်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အအုံများအတွင်းသို့ တရားဝင် လေယာဉ်လက်မှတ်ကိုင်ဆောင်သူ ခရီးသည်များနှင့် တာဝန်ကျ လေဆိပ်ဝန်ထမ်းများမှအပ အများပြည်သူဝင်ရောက်ခွင့်ကို ကန့်သတ်မည် ဖြစ်ကြောင်း လေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှု ပေးနေသာ Yangon Aerodrome Company Limited (YACL)မှ ယနေ့ မတ် ၂၈ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ကန့်သတ်သွားမည် ဖြစ်ပြီး ခရီးသည်များအား လိုက်ပါပို့ဆောင်/ကြိုဆိုကြသူများအနေဖြင့် လေဆိပ်အဆောက်အအုံများအတွင်းသို့ ဝင်ရောက်ခွင့် ရရှိတော့မည်မဟုတ်ကြောင်း ၊ ယခု ထုတ်ပြန်ကြေညာချက်မှာ မတ် ၂၉ ရက် ၀၀:၀၀ နာရီမှ စတင် သက်ရောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ကူးစက်မြန် ကပ်ရောဂါ COVID-19 ကြိုတင်ကာကွယ်ရေးဆောင်ရွက်ချက်များအတွက် ခရီးသည်များ အနေဖြင့် လေဆိပ်အဆောက်အအုံအားလုံး၏ ဝင်ထွက်ပေါက်များရှိ တာဝန်ကျ ဝန်ထမ်းများနှင့် အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေးရန် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနတို့မှ တိုက်တွန်း နှိုးဆော်ထားကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၇ လိုင်းနှင့် အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၃၈ ခုအား ချိတ်ဆက်ဝန်ဆောင်မှု ပေးလျက်ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း ခရီးသည် စုစုပေါင်း ၆ ဒသမ ၅ သန်းကို လက်ခံဝန်ဆောင်မှု ပေးခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117