ချန်တူး၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွန်းပြည်နယ်ရှိ တရုတ် ကုမ္ပဏီတစ်ခုက နှာခေါင်းစည်း ဝတ်ဆင်ထားသူများအား ခွဲခြားနိုင်စွမ်းရှိသော 3D မျက်နှာမှတ်သားသောစနစ်တစ်ခုကို တီထွင်ခဲ့ကြောင်း ၎င်းကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။
ဝူဟန့်၊ မတ် ၅ ရက်(ဆင်ဟွာ) နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါသည် SARS ဗိုင်းရပ်စ် ရောဂါလက္ခဏာလောက် မပြင်းထန်ကြောင်းတွေ့ရလေ့ရှိသော်လည်း ကူးစက်မှုမှာ ပိုမိုလွယ်ကူကြောင်း တရုတ်ကျွမ်းကျင်ပညာရှင်တစ်ဦးက မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးတွင် မတ်လ ၄ ရက်က ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) လူနာ စုစုပေါင်း ၂,၁၈၉ ဦးရှိကြောင်း အမျိုးသားကျန်းမာကော်မရှင်က ယနေ့ မတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) အမေရိကန်ဒေါ်လာဈေးသည် ယခုရက်သတ္တပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၁၄၅၀ ကျပ် မှ ၁၄၀၅ ကျပ်အထိ ဆက်တိုက်ကျဆင်းခဲ့ပြီး ၂နှစ်တာ ကာလအတွင်း ယခုပေါက်ဈေးသည် အနိမ့်ဆုံးဈေးဖြစ်ကြောင်း ဒေါ်လာဝယ်ရောင်းတစ်ဦးဖြစ်သူ ဦးစန်းဝင်းက ဆင်ဟွာ ကိုပြောသည်။
နေပြည်တော်၊ မတ် ၄ ရက်(ဆင်ဟွာ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများအပေါ် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ စဉ်က လုပ်ငန်းစဉ်များအတိုင်း အခြေခံ၍ ဆန္ဒမဲ...
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၄)ရက် ယနေ့နံနက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၏ အနောက်မြောက်ဘက် (၂၁)မိုင် ခန့်အကွာ၌ လှုပ်ရှားခဲ့သည့် ငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ နှင့် မော်လူးမြို့ ရှိ ဘုန်းတော်ကြီးကျောင်းတစ်ချို့ ၏ အုတ်နံရံများ အက်ကြောင်းများထင်ကြောင်းနှင့်...
ဂျီနီဗာ၊ မတ် ၄ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံး ဆေးကုသရာတွင် အသုံးပြုသည့် အကာအကွယ်ပစ္စည်းများ လိုအပ်နေခြင်းကြောင့် နိုင်ငံအများစု၌ COVID-19 ရောဂါ ဖြေရှင်းနိုင်စွမ်းကို အကန့်အသတ် ဖြစ်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) ညွှန်ကြားရေးမှူးချုပ် Tedros Adhanomက မတ် ၃ ရက်တွင် ပြောကြားခဲ့သည်။
ဆိုးလ် ၊ မတ် ၄ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းဒေသ၌ မတ် ၄ ရက်တွင် ဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ၃၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ဝူဟန့်၊ မတ် ၄ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားရာ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ ယာယီဆေးရုံများကို ဖြည်းဖြည်းချင်းလျှော့ချသွားရန်နှင့် ရောဂါအတွက် သတ်မှတ်ထားသော ဆေးရုံအရေအတွက်ကိုလည်း လျှော့ချသွားရန် မျှော်လင့်ထားကြောင်း ဒေသခံအာဏာပိုင်များက မတ် ၃ ရက်တွင် ပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၂၀ အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်းတစ်ချို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မတ်လ ၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။