Connect with us

CHINA

COVID-19 က SARS ရောဂါလောက် မပြင်းထန်သော်လည်း ပိုမိုကူးစက်လွယ်ကြောင်း တရုတ်ပညာရှင်ပြော

တရုတ်နိုင်ငံ အလယ်ပိုင်ဟဲနန်ပြည်နယ် Luoyang Ascend ဇီဝဓာတ်ခွဲခန်းတွင် လုပ်ကိုင်နေသော ဝန်ထမ်းများအားတွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ မတ် ၅ ရက်(ဆင်ဟွာ)

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) ရောဂါသည် SARS ဗိုင်းရပ်စ် ရောဂါလက္ခဏာလောက် မပြင်းထန်ကြောင်းတွေ့ရလေ့ရှိသော်လည်း ကူးစက်မှုမှာ ပိုမိုလွယ်ကူကြောင်း  တရုတ်ကျွမ်းကျင်ပညာရှင်တစ်ဦးက မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

ရောဂါအပြင်းထန်ဆုံး ခံစားရသည့် ဟူပေပြည်နယ်တွင် COVID-19 ကြောင့် သေဆုံးမှုနှုန်းသည် ၃ ရာခိုင်နှုန်းကျော် မှ ၄ ရာခိုင်နှုန်းထိ ရှိကြောင်း နှင့် ယင်းပြည်နယ်ပြင်ပ၌ သေနှုန်းမှာ ၁ ရာခိုင်နှုန်းအောက်တွင်သာရှိကြောင်း အသက်ရှူလမ်းကြောင်းဆိုင်ရာကျွမ်းကျင်သူ Cao Bin က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောကြားခဲ့သည်။ ယင်းနှစ်ခုစလုံးသည် သေဆုံးမှုနှုန်း ၁၀ ရာခိုင်နှုန်းနီးပါးရှိသော SARS ရောဂါထက် ပိုမိုလျော့နည်းနေသည်ကိုတွေ့ရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်ဟဲနန်ပြည်နယ် Luoyang Ascend ဇီဝဓာတ်ခွဲခန်းတွင် လုပ်ကိုင်နေသော ဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

စာရင်းဇယားများပေါ်အခြေခံ၍ COVID-19 ရောဂါသည် ကမ္ဘာတစ်ဝန်း ပိုမိုကျယ်ပြန့်စွာ ကူးစက်ခဲ့ကြောင်း Cao က ဆိုသည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများသည် ယေဘုယျအားဖြင့် SARS လူနာများထက် အသက်အရွယ်ပိုကြီးကြောင်း ပီကင်းတက္ကသိုလ်ပထမဆေးရုံမှ  ဒုတိယဥက္ကဋ္ဌ Li Haichao က ဆိုသည်။

အချို့လူနာများသည် လျင်လျင်မြန်မြန် ဝေဒနာအဆိုးရွားဆုံး မခံစားရမီ နှစ်ပတ်အတွင်း အဖျားငွေ့ငွေ့ရှိသော ပုံစံကဲ့သို့ တစ်ဖြည်းဖြည်းချင်း ရောဂါအစပျိုးမှုကို တွေ့ရှိရကြောင်း လီက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)