Connect with us

CHINA

မတ်လ ၄ ရက်တွင် တရုတ်နိုင်ငံပြည်မကြီး၌ COVID-19 ရောဂါပျောက်ကင်း၍ လူနာ ၂,၁၈၉ ဦး ဆေးရုံဆင်းခွင့်ရ 

တရုတ်နိုင်ငံ ဝူဟန့်မြို့ရှိဆေးရုံတစ်ရုံမှ COVID-19 ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်မကြီးတွင် မတ်လ ၄ ရက်က ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(COVID-19) လူနာ စုစုပေါင်း ၂,၁၈၉ ဦးရှိကြောင်း အမျိုးသားကျန်းမာကော်မရှင်က ယနေ့ မတ်လ ၅ ရက်တွင် ပြောကြားခဲ့သည်။

မတ်လ ၄ ရက် ညနေပိုင်းအထိ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီးဖြစ်သော စုစုပေါင်း လူနာအရေအတွက်မှာ ၅၂,၀၄၅ ဦးရှိကြောင်း ၊ တရုတ်နိုင်ငံပြည်မကြီး၌ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၈၀,၄၀၉ ဦး နှင့် သေဆုံးသူ ၃၀၁၂ ဦးရှိကြောင်း ကော်မရှင်၏ နေ့စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။(Xinhua)