Connect with us

Sport

၂၀၂၀ အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်းတစ်ချို့ ဝင်ရောက်ယှဉ်ပြိုင်မည်

၂၀၁၈ခုနှစ်က မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် ကရာတေး အမျိုးသား ၆၀ ကီလိုတန်းတွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်နေကြစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ကျင်းပမည့် ၂၀၂၀ အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်းတစ်ချို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မတ်လ ၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။ 

၂၀၂၀ ပြိုင်ပွဲ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းနိုင်ငံအနေဖြင့် အားကစားနည်း ၂၅ မျိုး ထည့်သွင်းကျင်းပရန် စီစဉ်ထားပြီး ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော် ခြင်း၊ကြက်တောင်၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်၊ ဂေါက်သီး၊ ပီတန်း၊ ကရာတေး၊ အပြည်ပြည်ဆိုင်ရာလှေလှော်၊ Esport ၊ တင်းနစ်၊ စစ်တုရင်၊ တိုက်ကွမ်ဒို၊ ပန်ကြပ်ဆီလတ်၊ ဂျူဂျစ်ဆု၊ လက်ဝှေ့၊ ကာယဗလ၊ Dance Sport ၊ Netball၊ ထိုင်းလက်ဝှေ့၊ Lawn Bowls နှင့် Climb Sport အားကစား နည်းများ ပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဘောလုံး၊ ပြေးခုန်ပစ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ အပြည်ပြည်ဆိုင်ရာလှေလှော်၊ ဂေါက်သီး၊ ပီတန်း၊ ကရာတေးနှင့် E-sport အားကစားနည်းတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး အားကစားနည်းအချို့ ထပ်တိုးကာ အပြောင်း အလဲဖြစ်နိုင်ကြောင်း သိရသည်။

အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲသည် တက္ကသိုလ်အဆင့်ပြိုင်ပွဲဖြစ်သော် လည်း လက်ရွေးစင်ကစားသမားများပါ ယှဉ်ပြိုင်ခွင့်ရှိပြီး တက္ကသိုလ်ပညာသင်ကြားနေသူဖြစ်ပါက ယှဉ်ပြိုင်ခွင့်ရှိ ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို ၁၉၈၁ ခုနှစ်တွင် စတင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ပြိုင်ပွဲတစ်ကြိမ်သာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ပြိုင်ပွဲ ကို အိမ်ရှင်အဖြစ် ထိုင်းနိုင်ငံက ငါးကြိမ်မြောက် လက်ခံ ကျင်းပခြင်းဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117