Connect with us

Science & Technology

3D မျက်နှာမှတ်သားသောစနစ်ကို တရုတ်ကုမ္ပဏီ တီထွင်

တရုတ်နိုင်ငံ စီချွန်းပြည်နယ်တွင် 3D မျက်နှာမှတ်သားသောစနစ်ဖြင့် နှာခေါင်းစည်းဝတ်ဆင်ထားသူ တစ်ဦးအား ခွဲခြားမှတ်တမ်းတင်နေစဉ် (ဆင်ဟွာ)

ချန်တူး၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွန်းပြည်နယ်ရှိ တရုတ် ကုမ္ပဏီတစ်ခုက နှာခေါင်းစည်း ဝတ်ဆင်ထားသူများအား ခွဲခြားနိုင်စွမ်းရှိသော 3D မျက်နှာမှတ်သားသောစနစ်တစ်ခုကို တီထွင်ခဲ့ကြောင်း ၎င်းကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ စနစ်အား ယင်းပြည်နယ်ရှိ စီချွန်းတက္ကသိုလ် သုတေသနအဖွဲ့နှင့် Wisesoft ကုမ္ပဏီတို့က ပူးပေါင်း တီထွင်ခဲ့ခြင်းဖြစ်သည်။ 3D ပုံစံ လေ့လာဆန်းစစ်နိုင်စွမ်းနှင့်အတူ ၎င်းစနစ်သည် ယခင် 2D စနစ်များနှင့်မတူဘဲ မျက်နှာဖုံးအုပ်ထားခြင်းနှင့် နှာခေါင်းစည်းများ ဝတ်ဆင်ထားသည့် လူများအား ခွဲခြားပေးနိုင်စွမ်းရှိကြောင်း သိရသည်။

အဆိုပါ စနစ်သည် နှာခေါင်းစည်းများဝတ်ဆင်ထားသည့် လူတစ်ထောင်လျှင် ၉၈ ရာခိုင်နှုန်း မှန်ကန်မှုရှိကြောင်း ကုမ္ပဏီဝန်ထမ်း Lv Xuebin က ပြောခဲ့သည်။“အဲဒီစနစ်က ဝန်ထမ်းတွေအကြား မလိုအပ်တဲ့ ထိတွေ့ဆက်သွယ်မှုကို လျှော့ချပေးဖို့ မှတ်သားထားတဲ့လူရဲ့ ခန္ဓာကိုယ် အပူချိန်အချက်အလက်ကိုလည်း စုဆောင်းပေးနိုင်ပါတယ်” ဟု Lv က ဆိုသည်။စီချွန်းပြည်နယ် မြို့တော် ချန်တူးရှိ ဆေးရုံတစ်ခုတွင် စနစ် ၁၄၀ ကျော်တပ်ဆင်ထားကြောင်း၊ လာမည့်နှစ်လအတွင်း စနစ် ၁,၀၀၀ ကျော် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.