Connect with us

Local

ဒေါ်လာဈေးဆက်တိုက်ကျဆင်း၊ တစ်ဒေါ်လာ ၁၄၀၅ ကျပ်အထိရောက်ရှိ 

ဒေါ်လာနှင့် မြန်မာငွေအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ)

အမေရိကန်ဒေါ်လာဈေးသည် ယခုရက်သတ္တပတ်အတွင်း  တစ်ဒေါ်လာ ကျပ် ၁၄၅၀ ကျပ် မှ ၁၄၀၅ ကျပ်အထိ ဆက်တိုက်ကျဆင်းခဲ့ပြီး  ၂နှစ်တာ ကာလအတွင်း  ယခုပေါက်ဈေးသည် အနိမ့်ဆုံးဈေးဖြစ်ကြောင်း ဒေါ်လာဝယ်ရောင်းတစ်ဦးဖြစ်သူ ဦးစန်းဝင်းက ဆင်ဟွာ ကိုပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်  မှ တာဝန်ရှိသူတစ်ဦးက “အခုဈေးတက်တာ ကျတာ က ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအားနဲ့ ဆိုင်ပါတယ်။ ဈေးအတက်အကျက ဈေးကွက်ရဲ့ ဝယ်လိုအား၊ ရောင်းလိုအားပေါ်မူတည်ပြီး အတက်အကျဖြစ်မှာပါ’’ ဟု ဆင်ဟွာ ကိုပြောသည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင် တစ်ဒေါ်လာ မြန်မာငွေ ၁၄၅၀ကျပ် ပေါက်ဈေးရှိခဲ့သည်။ လက်ရှိဈေးကွက်အတွင်းတွင် ပို့ကုန်၊ သွင်းကုန် အဝင်အထွက်အေးစက်လျက်ရှိကြောင်း၊ ထို့ကြောင့်ဒေါ်လာဈေးအေးစက်ရခြင်းဖြစ်ကြောင်း ဦးစန်းဝင်းက ဆိုသည်။

၂၀၁၉ ခုနှစ် တွင် မြန်မာနိုင်ငံ ၏   ငွေကြေးဖောင်းပွမှုသည် ၉.၄၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။  (Xinhua)