ဝါရှင်တန် ၊ မတ် ၄ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တောင်ပိုင်းရှိ အယ်ဘားမားပြည်နယ်(Alabama) နှင့် ဂျော်ဂျီယာပြည်နယ်(Georgia) တို့တွင် “ အလွန်ကြီးမားပြီး ဖျက်အားပြင်းသော” လေဆင်နှာမောင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး သေဆုံးသူ ၂၂ ဦးထိရှိလာခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ NBC သတင်းဌာနက ဖော်ပြခဲ့သည်။(Xinhua)
ရန်ကုန် ၊ မတ် ၃ ရက်(ဆင်ဟွာ) ကမ္ဘာ့တောရိုင်း တိရစ္ဆာန်များနေ့ အထိမ်းအမှတ် အဖြစ် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဆင်ပြတိုက်ကို ရန်ကုန် တိရစ္ဆာန် ဥယျာဉ် အတွင်းရှိ သဘာ၀ သမိုင်း ပြတိုက်၏ အစိတ်အပိုင်း တစ်ခု အဖြစ် ယနေ့မတ်လ ၃ ရက်တွင် ဖွင့်လှစ်...
ရန်ကုန် ၊ မတ် ၃ ရက်(ဆင်ဟွာ) တောရိုင်းတိရစ္ဆာန်များကို တရားမဝင် ဖမ်းဆီး သတ်ဖြတ်ခြင်းအား ဥပဒေအရ ထိရောက်စွာ အရေးယူ တားဆီးရေး လုပ်ငန်း များ ဆောင်ရွက်ခဲ့စဉ် ဖမ်းဆီးရမိခဲ့သည့် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၁၅ သန်းခန့် ၊ မြန်မာ ကျပ်ငွေ သိန်းပေါင်း ၁၇,၂၂၀...
ပေကျင်း ၊ မတ် ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြသည့် နှစ်ပတ်လည်အစည်းအဝေးကို ပေကျင်းမြို့၌ ယနေ့(မတ် ၃ ရက်)တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ မတ် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ၂၀၁၈ ခုနှစ် တွင် မိုဘိုင်းဖုန်းကို အသုံးပြု၍ ငွေပေးချေမှုများ သည် ၅၈၃ သန်းအထိရှိလာပြီး ၂၀၁၇ ခုနှစ် ထက် ၁၀.၇ ရာခိုင်နှုန်း ပိုမိုများပြားလာကြောင်း တရုတ်အင်တာနက်ကွန်ရက် သတင်းအချက်အလက်စင်တာ (CNNIC) ၏ အစီရင်ခံစာအရ...
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ၅.၃.၂၀၁၉ရက်နေ့မှ ၈.၃.၂၀၁၉ ရက်နေ့အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊...
ကဘူးလ် ၊ မတ် ၃ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၂ဝဦးသေဆုံးပြီး အခြားလူပေါင်းများစွာ ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ယနေ့(မတ် ၃ ရက်)တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ ရှေးဟောင်းပစ္စည်းများ တူးဖော်ရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဂါဇာ၊ မတ် ၃ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်၏ မောင်းသူမဲ့လေယာဉ်များသည် အစ္စရေးနယ်စပ် နှင့် ထိစပ်နေသော ဂါဇာကမ်းမြောင်ဒေသ အရှေ့ဘက်ရှိ စစ်စခန်းများကို မတ် ၂ ရက် က တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သူများ နှင့် ဂါဇာရှိ ပြည်တွင်း အသံလွှင့်ရုံတစ်ခုက ပြောကြားခဲ့သည်။