Connect with us

Politics, Law & Military

(၈) ကြိမ် မြောက် တရုတ်-ဂျပန် အဆင့်မြင့် အရာရှိ နိုင်ငံရေး ဆွေးနွေးပွဲ တိုကျိုမြို့ တွင် ကျင်းပ

တရုတ် ကွန်မြုနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ယန်ကျဲ့ချီ နှင့် ဂျပန်နိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ရှီဂဲရု ကီတာမူရာ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

တိုကျို ၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

တရုတ် ကွန်မြုနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ နှင့် ဂျပန်နိုင်ငံ အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲ ရှီဂဲရု ကီတာမူရာ (Shigeru Kitamura) တို့ ဦးဆောင်၍ ဖေဖော်ဝါရီ ၂၈ ရက် တွင် ဂျပန် နိုင်ငံ တိုကျို မြို့ ၌  (၈) ကြိမ် မြောက် တရုတ်-ဂျပန် အဆင့်မြင့် အရာရှိ နိုင်ငံရေး ဆွေးနွေးပွဲ အား ကျင်းပ ပြုလုပ် ခဲ့သည်။

အစည်းအဝေး တွင် နှစ်နိုင်ငံ ကိုယ်စားလှယ် တို့ က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ဂျပန် နိုင်ငံ သို့ လည်ပတ်ရေး ခရီးစဉ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် သဘောထား အမြင်များ ဖလှယ် ခဲ့ကြကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင် တို့ ရရှိထားသည့် သဘောတူညီချက်များ အား အကောင်အထည် ဖော်သွားပြီး နှစ်နိုင်ငံ အဆင့်မြင့် အရာရှိ နိုင်ငံရေး ဆွေးနွေးပွဲ ၏ သက်ရောက်မှု အား ဖော်ဆောင်သွားရန် သဘောတူ ခဲ့ကြကြောင်း ၊ နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု အား တိုးမြှင့်ပြီး ချိတ်ဆက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့သွားမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်သည့် ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်နေသည့် အခြေအနေ အား ပိုမို ခိုင်မာ အောင် ဆောင်ရွက်ပြီး တရုတ်-ဂျပန် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို အဆင့်မြှင့်တင် နိုင်သည့် ခေတ်သစ် သို့ ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။

အစည်းအဝေး တွင် ယန်ကျဲ့ချီ က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ ကိုယ်တိုင် ဦးဆောင် ညွှန်ကြားမှု အောက် တွင် တရုတ် နိုင်ငံ ပြည်တွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း က အတိုင်းအတာ တစ်ခု အထိ အောင်မြင်မှု ရရှိနိုင်ခဲ့ပြီး ကောင်းမွန်သည့် အခြေအနေ သို့ ဖွံ့ဖြိုးတိုးတက် နေကာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု သည်လည်း ပြန်လည် ကောင်းမွန်လာ ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အား ကောင်းမွန်စွာ စီမံဆောင်ရွက်သွားပြီး ယခုနှစ် အတွင်း ဘက်စုံ သာယာဝပြော သည့် လူ့အဖွဲ့အစည်း တည်ဆောက်ရေး အား အကောင်အထည်ဖော်ကာ အရေးကြီး ရည်းမှန်းချက် ဖြစ်သည့် ဆင်းရဲနွှမ်းပါးမှု တိုက်ဖျက်ရေး ရည်းမှန်းချက် အား ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ယန်ကျဲ့ချီ က ကပ်ရောဂါ နှင့် ရင်ဆိုင်ချိန် တွင် တရုတ်-ဂျပန် နှစ်နိုင်ငံ  က အပြန်အလှန် ကူညီမှုများ ဆောင်ရွက်ခဲ့ပြီး အတူတကွ အခက်အခဲ အား တိုက်ဖျက် ခဲ့ကြောင်း ၊ ယခု အကြိမ် ဖြစ်ပွား ခဲ့သည့် ကပ်ရောဂါ မှ တစ်ဆင့် တရုတ်-ဂျပန် နှစ်နိုင်ငံ ထာဝရ ချစ်ကြည်ရင်းနှီးရေး က နှစ်နိုင်ငံ ပြည်သူလူထု တို့ ၏ အတူတကွ မျှော်မှန်းချက် နှင့် ဆောင်ရွက်မှု ဖြစ်လာမည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဂျပန် နိုင်ငံ အပါအဝင် သက်ဆိုင်ရာ နိုင်ငံများ ၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့(WHO) နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း နှင့် အနီးကပ် ဆက်သွယ်မှု အား ထားရှိကာ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွေ့အကြုံအား မျှဝေသွားလိုကြောင်း ၊ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်း အား ညှိနှိုင်းဆောင်ရွက်သွားပြီး နှစ်နိုင်ငံ နှင့် ကမ္ဘာ့ နိုင်ငံ အသီးသီး ရှိ ပြည်သူလူထု ၏ ကျန်းမာရေး အား ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းသွားလိုကြောင်း ပြောကြား ခဲ့သည်။

Shigeru Kitamura က ကပ်ရောဂါ တိုက်ဖျက်ရေး တွင် တရုတ် နိုင်ငံ ၏ လုပ်ငန်းဆောင်ရွက်မှု များ အပေါ် မြင့်မားစွာ အသိအမှတ်ပြုပြီး တရုတ် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံ များ အား ဂျပန် နိုင်ငံ မှ အတုယူနိုင်ကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ အများပြည်သူ ကျန်းမာရေး လုံခြုံမှု ကဏ္ဍ တွင် သတင်း အချက်အလက် များအား အတူတကွ မျှဝေ သွားပြီး အတွေ့အကြုံ နှင့် နည်းပညာ ပူးပေါင်းဖလှယ်မှုများအား ဆောင်ရွက်ကာ နိုင်ငံတကာ အများပြည်သူ ကျန်းမာရေး လုံခြုံမှု အား အတူတကွ ထိန်းသိမ်းသွားလိုကြောင်း ပြောကြား ခဲ့သည်။

အစည်းအဝေး တွင် တီထွင်ဆန်းသစ်မှု တိုးချဲ့ရန် ၊ တတိယ ဈေးကွက် ၌ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ၊ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းများ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာ တွင် ကောင်းမွန် သည့် ပတ်ဝန်းကျင် ဖန်တီးပေးရန် တို့အား သဘောတူညီချက် ရရှိခဲ့ပြီး အတူတကွ စိတ်ဝင်စား သည့် ဒေသတွင်း နှင့် နိုင်ငံတကာ ကိစ္စရပ်များ တွင် သဘောထား အမြင်များ ဖလှယ် ခဲ့ကြကြောင်း သိရှိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.