Connect with us

CHINA

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၉ ရက်တွင် COVID-19 လူနာ ၂,၆၂၃ ဦးဆေးရုံဆင်းခွင့်ရ  

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၂၉ ရက် ညနေပိုင်းအထိ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၄၁,၆၂၅ ဦးရှိသွားပြီဖြစ်ကြောင်း တရုတ်ကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၁ရက်တွင် ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၂၉ ရက်တွင် ဆေးရုံဆင်းခွင့်ရသူ ၂,၆၂၃ ဦးရှိခဲ့ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ နေ့စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံပြည်မကြီးတွင် ဖေဖော်ဝါရီ ၂၉ရက် ညနေပိုင်း အချိန်အထိ  COVID-19 နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အတည်ပြုလူနာ စုစုပေါင်း ၇၉,၈၂၄ ဦး ရှိကြောင်း နှင့် ရောဂါကြောင့် သေဆုံးသူ ၂,၈၇၀ ဦး ရှိကြောင်း သိရသည်။(Xinhua)