Connect with us

CHINA

ဟူပေပြည်နယ် ပြင်ပတွင် COVID-19 ကူးစက်ခံရမှု လူနာအသစ် အရေအတွက် ခုဂဏန်းသာရှိ

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် Shenzhen ခရိုင်၌ စစ်ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက ပြည်သူတစ်ဦးအား ကူးစက်ရောဂါရှိမရှိ စစ်ဆေးနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ကူးစက်ရောဂါအဓိကဖြစ်ပွားနေသော ဟူပေပြည်နယ် ပြင်ပတွင် ဖေဖော်ဝါရီ ၂၉ ရက်က COVID-19 ရောဂါကူးစက်ခံရမှု လူနာအသစ် အရေအတွက်မှာ သုံးဦး သာရှိကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောကြားချက်အရ သိရသည်။

ဟူပေပြည်နယ်၌ ၅၇၀ ဦးအပါအဝင် ပြည်နယ်အဆင့်ဒေသပေါင်း ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့များမှအစီရင်ခံစာအရ ဖေဖော်ဝါရီ ၂၉ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အတည်ပြုလူနာသစ် ၅၇၃ ဦး ရှိကြောင်း ကော်မရှင်က ယနေ့ မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)