ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်ရှိ အိမ်ထောင်စု ၁၃၀၀ကျော်သည် အောက်တိုဘာ ၃၀ ရက်မှ စတင်ပြီး လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးဒေလီ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကို အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ယနေ့ အောက်တိုဘာလ ၃၁ ရက်၌ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ဂျေရုဆလင် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ ပင်လယ်သေအနီးရှိ အမှတ် ၉၀ လမ်းမကြီးတွင် အောက်တိုဘာ ၃၀ ရက်က မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာ လူ ၈ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေး ရဲတပ်ဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ကဘူးလ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အာဖဂန်နိုင်ငံ မြို့တော် အရှေ့ပိုင်းရှိ အဓိက အကျဉ်းထောင်တစ်ခုပြင်ပတွင် အစိုးရဝန်ထမ်းများ၏ ကားတစ်စီးတွင် ယနေ့ အောက်တိုဘာလ ၃၁ ရက်၌ အသေခံဗုံးခွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၇ ဦးထက်မနည်းသေဆုံးပြီး အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နေပြည်တော်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) နယ်စပ်ဖြတ်ကျော် မှုခင်းများဆိုင်ရာ ၁၂ ကြိမ်မြောက် အာဆီယံဝန်ကြီးများ အစည်းအဝေးကို နေပြည် တော် MICC II တွင် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၂ ရက်နေ့အထိ ပြုလုပ်လျက်ရှိရာ အာဆီ ယံ နိုင်ငံများ၏...
ထရိုဒိမ်း ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) ရုရှားက နော်ဝေး အနောက်ဘက်ရှိ နိုင်ငံတကာ ပင်လယ်ရေပိုင်နက်တွင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု များ ယခုရက်သတ္တပတ်အတွင်း ပြုလုပ်သွားမည်ဟု အကြောင်းကြားထားကြောင်း၊ သို့သော် နေတိုး အနေဖြင့် နော်ဝေးနှင့်၎င်းအနီးတဝိုက်တွင်ကျင်းပမည့် Trident Juncture 2018 ပူးတွဲ စစ်ရေးလေ့ကျင့်မှု အစီအစဉ်များကို ပြောင်းလဲမည်မဟုတ်ကြောင်း...
ဘေရွတ်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ဆီးရီးယားဒုက္ခသည် ၁၁၃ဦး ကို Marjeyoun ပြည်နယ် Adayse မြို့ ၌ အောက်တိုဘာ ၃၁ ရက်တွင် လက်ဘနွန်စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ပြည်တွင်းသတင်းကဖော်ပြခဲ့သည်။
အန်ကာရာ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ တောင်ပိုင်း Antalya ပြည်နယ် တွင် အောက်တိုဘာ ၃၀ ရက်က လေ့ကျင့်ရေးလေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၂ဦး သေဆုံးခဲ့ကြောင်း ပြည်တွင်းသတင်းဌာန Demiroren News Agency (DHA) ကဖော်ပြခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၃၁ ရက်(ဆင်ဟွာ) ကျောက်မျက်ရိုင်း များနှင့် ကျောက်စိမ်းအသားကျောက်များ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နိုဝင်ဘာ ၁၂ ရက်မှ ၁၇ ရက် ထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည် ဖြစ်ရာ နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင် များကိုသာ...
ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဆင့်ဆင့်၏ အတွင်းရေး မှူးများဒုတိယအကြိမ် အစည်းအဝေးကို အောက်တိုဘာ ၃၀ရက် ၉ နာရီခွဲကရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ကျင်းပခဲ့သည်။