Connect with us

CHINA

တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း အပေါ် အမေရိကန် နိုင်ငံ မှ အကြောင်းမဲ့ ပြစ်တင်ဝေဖန် နေခြင်း အား ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြား

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွမ်ပီယို (Mike Pompeo) အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း (Zhao Lijian) က တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း အပေါ် အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မိုက် ပွမ်ပီယို (Mike Pompeo) က အကြောင်းမဲ့ ပြစ်တင်ဝေဖန် နေခြင်း အား လွန်စွာ စိတ်ပျက် မိပြီး ယင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ၊  အမေရိကန် နိုင်ငံ အနေဖြင့် စိတ်ပိုင်းဆိုင်ရာ အမြင်စောင်းမှု ကို ဖယ်ရှား ပြီး တရုတ်-အမေရိကန် အပြန်အလှန် ယုံကြည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ကို ထိခိုက်ပျက်စီး စေမည့် ဆောင်ရွက်မှုများ ကို ရပ်တံ့သွားရန် တိုက်တွန်းလိုကြောင်း ဖေဖော်ဝါရီ ၂၆ ရက် ၌ ပြောကြား ခဲ့သည်။

ကျောက်လိကျန်း က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ ပြောဆိုမှုများ သည် လုံးဝ အမှားအမှန် ခွဲခြား ပြောဆိုခြင်း မရှိကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်း ဆောင်ရွက်သည့် ကာလတစ်လျှောက် ပွင်းလင်းမြင်သာ ပြီး တာဝန်ယူမှု အပြည့်ရှိသည့် သဘောထားဖြင့် ခိုင်မြဲစွာ လုပ်ဆောင် ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ၏ တရုတ် လူမျိုးများအား စော်ကား ရေးသား သည့် သတင်း ဖော်ပြမှုသည် လွတ်လပ်စွာ ပြောဆိုခွင့် ၊ သတင်း မီဒီယာ လွတ်လပ်ခွင့် တို့နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ၊ ကောင်းမွန်သည့် စိတ်ထား ၊ အသိပညာ နှင့် အနည်းဆုံးသော ကျင့်ဝတ်စည်းကမ်း သတ်မှတ်ချက် ရှိသူ တိုင်းက လူမျိုးရေး ဖြင့် မှားယွင်းစွာ ပြောဆိုသည့် အပြုအမူမျိုးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် သွားသင့်ကြောင်း ၊ သတင်းရေးသား ဖော်ပြခဲ့သည့် The Wall Street Journal ပင်လျင် မိမိ တို့ မှားယွင်းကြောင်း ဝန်ခံခဲ့ပြီး မှားယွင်းမှုအား ပြန်လည် သုံးသပ်နေချိန် တွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က နိုင်ငံတကာ ရှိ သုံးသပ်မှု နှင့် ပြည်သူလူထု တို့ ၏ သဘောထားအမြင်များ အား မျက်ကွယ်ပြု၍ သတင်းရေးသားဖော်ပြမှု အပေါ် ထောက်ခံအားပေးနေခြင်းမှာ တရုတ် နိုင်ငံ အပေါ် အကြောင်းမဲ့ ဝေဖန် နေခြင်းမှာ အလွန် သံသယ ဖြစ်စရာကောင်းကြောင်း ပြောကြား ခဲ့သည်။

ထိုပြင် ပြောရေးဆိုခွင့်ရှိသူ က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် တရုတ် နိုင်ငံ အား စိတ်ပိုင်းဆိုင်ရာ အမြင်စောင်းသည့် လုပ်ဆောင်မှုမျိုး ကို ဖယ်ရှားပြီး မိမိ ရာထူး နှင့် သင့်လျော်သော အပြုအမူများ အား ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် တရုတ် နိုင်ငံ ပါတီ ၊ အစိုးရ နှင့် ပြည်သူလူထု အကြား ရန်တိုက်ပေးသည့် အကြံအစည် အား ရပ်တန့်ရန် တိုက်တွန်းလိုကြောင်း ၊ လက်ရှိတွင် The Wall Street Journal အနေဖြင့် နည်းလမ်းမျိုးစုံဖြင့် တရုတ် နိုင်ငံ အား ဆက်သွယ်နေပြီး မိမိ တို့ ရေးသား ခဲ့သည့် တရုတ်လူမျိုး အား စော်ကားသည့် သတင်းဆောင်းပါသည် မှားယွင်းကြောင်း နှင့် အဆိုပါ ကိစ္စရပ် မှ သင်ခန်းစာ ယူသွားမည် ဟု ဝန်ခံပြောဆိုနေကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။  (Xinhua)