အက်ဒစ်အဘာဘာ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ကိုရိုနာ အဆုတ်ရောင်ရောဂါ တိုက်ဖျက်ရေးကို ထောက်ခံအားပေးသွားမည်ဖြစ်ပြီး အပျက်သဘောဆောင်သည့် ကောလာဟလ သတင်းစကားများကို တားဆီးဆောင်ရွက်ရန် အီသီယိုးပီးယားနိုင်ငံ အက်ဒစ်အဘာဘာမြို့တွင် ကျင်းပသည့် ၃၃ ကြိမ်မြောက် အာဖရိက သမဂ္ဂ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေသည့် ကုလသမဂ္ဂနှင့် အာဖရိကသမဂ္ဂ ခေါင်းဆောင်များက ပြောကြားခဲ့ကြောင်း...
ချန်ရှား ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ဆောင်နေသည့် တရုတ်နိုင်ငံအပေါ် ထောက်ခံသည့်အနေဖြင့် နိုင်ငံတကာကျောင်းသားများစွာသည် အတူတကွ ပူးပေါင်း၍ ၎င်းတို့၏ အားပေးထောက်ခံမှု သဝဏ်လွှာ တစ်စောင်ကို ရေးသားဖော်ပြခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) လစ်လပ်နေသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေရာတွင် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုခြင်းအပေါ် ပြည်ထောင်စု လွှတ်တော် ယနေ့အစည်းအဝေးတွင် ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၁ဝ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသော လူနာအရေအတွက်မှာ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းအထိ စုစုပေါင်း ၃,၂၈၁ ဦးထိ ရှိသွားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံကျန်းမာရေးအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ဟူပေပြည်နယ်မှအပ တရုတ်နိုင်ငံ ကျန်ဒေသများတွင် ဖေဖော်ဝါရီ ၈ ရက် နေ့အထိ စစ်ဆေးတွေ့ရှိချက်များအရ ကိုရိုနာ အဆုတ်ရောင်ရောဂါ အတည်ပြုလူနာ အရေအတွက် နေ့စဉ်တိုးတက်မှုနှုန်းသည် ၅ ရက် ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်၏ အချက်အလက်များအရ သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်းမှာပင် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းရန် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အခြေအနေအပေါ် ဆက်လက်အလေးထားဆောင်ရွက်နေကြောင်းသိရသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ကိုရိုနာအဆုတ်ရောင်ရောဂါ အတည်ပြုလူနာများအား ပထမအသုတ်အဖြစ် ဝူဟန့် လေးဆန်ဆန်းဆေးရုံက ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီတွင် စတင်လက်ခံကုသပေးနေပြီဖြစ်သည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရခက်ဆီးမားမြို့ ဈေးဝယ်စင်တာတွင် တိုက်ခိုက်သူ သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၅ နာရီ မိနစ် ၃၀ ခန့်က အသေပစ်ခတ်ဖမ်းမိခဲ့ကြောင်း ဒေသခံသတင်းမီဒီယာများ၏ ဖေဖော်ဝါရီ ၉ ရက်သတင်းများအရ သိရသည်။
ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရချက်ဆီးမားမြို့(Nakhon Ratchasima)၌ ဖေဖော်ဝါရီ ၈ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ လက်ရှိတွင် လူ ၂၀ သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းများအရ သိရသည်။
ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရာ ဝူဟန့်မြို့ရှိ အဓိကဆေးရုံများ၌ ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရန် ရှန်ဟိုင်းစီးပွားရေးကုမ္ပဏီတစ်ခုမှ ပုံစံထုတ်ထားကာ ထုတ်လုပ်ထားသော ပိုးသတ်ဆေးဖျန်း စက်ရုပ် ၃၀ ကျော်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။