Connect with us

Politics, Law & Military

ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးရန် လျာထားမှုအပေါ် လွှတ်တော် အတည်ပြု

ပြည်ထောင်စု လွှတ်တော်နာယက ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)

လစ်လပ်နေသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေရာတွင် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုခြင်းအပေါ် ပြည်ထောင်စု လွှတ်တော် ယနေ့အစည်းအဝေးတွင် ကန့်ကွက်သူ မရှိ အတည်ပြုခဲ့သည်။

“ယင်းပုဂ္ဂိုလ်နှင့် စပ်လျဉ်းပြီး နောက်ဆုံး သတ်မှတ်ချိန်အထိ ကန့်ကွက်လိုကြောင်း တင်ပြချက် တစ်စုံတစ်ရာ မရှိတဲ့အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေးဝန်ကြီး အဖြစ် ခန့်အပ်ရန် လွှတ်တော်က သဘောတူကြောင်း ကြေညာပါတယ်” ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

အဆိုပါ ပြည်ထဲရေးဝန်ကြီး နေရာအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၂၀၀၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည် တင်သွင်းခဲ့သည်ကို နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၅ ရက်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း၊ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် လွှတ်တော်၏ သဘောထား ကြေညာမည်ဟု ပြည်ထောင်စု လွှတ်တော် နာယကက ၆ ရက်နေ့ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းနှင့် ယနေ့ အစည်းအဝေးတွင် လွှတ်တော်အတည်ပြုမှုကို ကြေညာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.