Connect with us

Asia

ထိုင်းနိုင်ငံတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား၊ လူ ၂၀ သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရချက်ဆီးမားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် ဈေးဝယ်စင်တာအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း  နခွန်းရချက်ဆီးမားမြို့(Nakhon Ratchasima)၌ ဖေဖော်ဝါရီ ၈ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ လက်ရှိတွင် လူ ၂၀ သေဆုံးပြီး ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းများအရ သိရသည်။ 

ထိုင်းနိုင်ငံ အထူးတပ်ဖွဲ့က သေနတ်သမားပုန်းခိုနေသည့် ဈေးဝယ်စင်တာသို့ ဝင်ရောက်၍  လူစုရှင်းခဲ့သော်လည်း တိုက်ခိုက်သူသေနတ်သမား၏ ပုန်းခိုနေသည့်နေရာကို ရှာမတွေ့သေးကြောင်း သိရသည်။ 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း  နခွန်းရချက်ဆီးမားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် ဈေးဝယ်စင်တာအား တွေ့ရစဉ် (ဆင်ဟွာ) 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း  နခွန်းရချက်ဆီးမားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် ဈေးဝယ်စင်တာအား တွေ့ရစဉ် (ဆင်ဟွာ) 

ထိုင်းစစ်သား တစ်ဦးသည် ဖေဖော်ဝါရီ ၈ ရက်က နခွန်းရချက်ဆီးမားမြို့(Nakhon Ratchasima)ရှိ စစ်အခြေစိုက်စခန်းတစ်ခုမှ လက်နက် ခိုးယူခဲ့ကြောင်း ၊ ထို့နောက် ၎င်းသည် ၎င်း၏အရာရှိနှင့်အခြားလူနှစ်ဦးကို သေနတ်ပစ်သတ်ခဲ့ကာ ကားမောင်း၍ ဈေးဝယ်စင်တာကြီးအနီးသို့ ထွက်ပြေးခဲ့ပြီး လူစုကြီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေနတ်သမား ဈေးဝယ်စင်တာသို့ ဝင်သွားပြီးနောက် ဓားစာခံ ၁၆ ဦးကို  လေးလွှာတွင် ပိတ်လှောင်ထားပြီး ရဲတပ်ဖွဲ့နှင့်အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ သေနတ်သမားကို အသေပစ်ခတ်ဖမ်းဆီးရန် အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ၊ ထိုင်း အထူးတပ်ဖွဲ့က ဖေဖော်ဝါရီ ၈ ရက် ညနက်ပိုင်းတွင် ဈေးဝယ်စင်တာသို့ ဝင်ရောက်၍ လူစုကို ရှင်းလင်းခဲ့သော်လည်း တိုက်ခိုက်သူသေနတ်သမားကို ရှာဖွေတွေ့ရှိမှုမရှိသေးကြောင်း သိရသည်။ 

သေနတ်သမားတွင် ဖောက်ခွဲရေးပစ္စည်းများပါရှိရာ အချိန်မရွေးပေါက်ကွဲမှုဖြစ်ပွားနိုင်ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

သေနတ်ပစ်ခတ်မှုကြောင့် လူ ၂၀ သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ပြောရေးဆို ခွင့်ရှိသူ Kongcheep Tantrawanit၏ ပြောကြားချက်ကို  ကိုးကား၍ ဒေသခံသတင်းမီဒီယာများက ဖော်ပြထားသည်။ အချင်းဖြစ်ပွားမှုကြောင့် ဒဏ်ရာရသူ ၃၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် သေနတ်သမား၏ ပြစ်မှုကျူးလွန်သည့် အကြောင်းအရာကို မသိရသေးကြောင်း ၊ သေနတ်သမားသည် အချင်းဖြစ်ပွားစဉ်တွင်ပင် လူမှုမီဒီယာကတစ်ဆင့် ၎င်းတိုက်ခိုက်ခဲ့သည့်  ဓာတ်ပုံ၊ဗွီဒီယိုများကို တင်ခဲ့ကြောင်း သိရသည်။ (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117