Connect with us

Asia

ထိုင်းနိုင်ငံ နခွန်းရခက်ဆီးမားမြို့ ဈေးဝယ်စင်တာတွင် တိုက်ခိုက်သူ သေနတ်သမားအား အသေပစ်ခတ်ဖမ်းမိ

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရချက်ဆီးမားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နခွန်းရခက်ဆီးမားမြို့ ဈေးဝယ်စင်တာတွင် တိုက်ခိုက်သူ သေနတ်သမားကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့ နံနက်  ၅ နာရီ မိနစ် ၃၀ ခန့်က အသေပစ်ခတ်ဖမ်းမိခဲ့ကြောင်း ဒေသခံသတင်းမီဒီယာများ၏ ဖေဖော်ဝါရီ ၉ ရက်သတင်းများအရ သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက  တိုက်ခိုက်သူသေနတ်သမားကို ၎င်းပုန်းခိုနေသည့် ဈေးဝယ်စင်တာတွင် အသေပစ်ခတ်ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ဓါးစာခံ ၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ဓါးစာခံများတွင် ဒဏ်ရာရသူ ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း  နခွန်းရချက်ဆီးမားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ) 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း  နခွန်းရချက်ဆီးမားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ) 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း  နခွန်းရချက်ဆီးမားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ) 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း  နခွန်းရချက်ဆီးမားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ) 

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း  နခွန်းရချက်ဆီးမားမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ) 

အချင်းဖြစ်ပွားမှုကြောင့် သေဆုံးသူများတွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးပါဝင်ကြောင်း ၊ ဒဏ်ရာရသူများတွင် အချို့မှာဒဏ်ရာ ပြင်းထန်ရာ  သေဆုံးသူဦးရေတိုးလာနိုင်ကြောင်း သိရသည်။

သေနတ်သမားသည်  အသက် ၃၂  နှစ်ရှိသည့် တပ်ကြပ်ကြီးတစ်ဦးဖြစ်ကြောင်း ၊ ၎င်းသည် ဖေဖော်ဝါရီ ၈ ရက်က နခွန်းရချက်ဆီးမားမြို့(Nakhon Ratchasima)ရှိ စစ်အခြေစိုက်စခန်းတစ်ခုမှ လက်နက် ခိုးယူပြီး  ၎င်း၏အရာရှိနှင့်အခြားလူနှစ်ဦးကို ပစ်သတ်ခဲ့ကာ ကားမောင်း၍ ဈေးဝယ်စင်တာကြီးအနီးသို့ ထွက်ပြေးခဲ့ပြီး လူစုကြီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ထို့နောက်ဈေးဝယ်စင်တာသို့ဝင်ကာ ရဲတပ်ဖွဲ့နှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေနတ်သမားသည် ၎င်းပစ်သတ်ခဲ့သည့် အရာရှိနှင့် ပဋိပက္ခရှိနိုင်ကြောင်း သတင်းမီဒီယာအချို့က ဆိုသည်။ သေနတ်သမား၏ ပြစ်မှုကျူးလွန်သည့်အကြောင်းအရာကို လက်ရှိတွင် မသိရသေးကြောင်း သိရသည်။ (Xinhua)