ပါရီ ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်)သည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စစ်ဆင်ရေးအတွင်း သံသယရှိသူ ၁၃ဝဝ ကျော်ကို ထိန်းသိမ်းခဲ့ပြီး မတူကွဲပြားသော မူးယစ်ဆေးဝါးများ စုစုပေါင်း ၅၅ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကိဗ် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ခရိုင်းမီးယားဒေသ Kerch မြို့ရှိကောလိပ်ကျောင်းတစ်ခု၌ အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၉ ဦးသေဆုံးကြောင်း ၊ အများစုမှာ ဆယ်ကျော်သက်များဖြစ်ကြောင်း နှင့် အခြား လူ ၄ဝ ခန့်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းမီဒီယာက...
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အထည်အလိပ်လုပ်ငန်း အသင်းချုပ် (China National Textile And Apparel Council, CNTAC) က မြန်မာ နိုင်ငံ ရှိ အထည်ချုပ် လုပ်ငန်း ကုမ္ပဏီ များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်...
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးချက်လုပ်ရာ တွင် အသုံးပြုသည့် အက်စီတုန်း ၂၅၆၀ လီတာ နှင့်အတူထိန်းချုပ်ဓာတုပစ္စည်းများဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ယနေ့ မွန်းလွဲ၁နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ ခန်းမ(၄)၌ တိုက်ခန်း အိမ်ရာ ဥပဒေရေးဆွဲရေးလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ပြည်ပသို့တရားဝင် အလုပ်သွားရောက်လုပ်ကိုင်သူ ၂၂,ဝဝဝ ကျော် နှင့် ပြည်တွင်းအလုပ်နေရာ ၂၁,ဝဝဝ ကျော် အား စက်တင်ဘာလ အတွင်း ခန့်ထားနိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုးကုတ်မြို့နယ်တွင် အောက်တိုဘာ ၁၆ ရက်၌ ငွေကျပ် သိန်း ၁ သောင်းကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မဲဆန္ဒရှင် ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ယောက်၏ မူလ အခွင့် အရေး မဆုံးရှုံးစေရန် အတွက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးကြပါရန် အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ လူငယ်များ ချစ်ကြည် ရင်းနှီးမှု အစီအစဉ် အရ မြန်မာ-တရုတ် နှစ်နိုင်ငံ လူငယ်များ အကြား ချစ်ကြည် ရင်းနှီးမှုများ ပိုမို တည်ဆောက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံမှ လူငယ် ၉၇ ဦးသည် တရုတ် ပြည်သူ့...
ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ဗဟိုအကျဉ်းထောင်နှင့်ပတ်သက်၍ အစည်းအဝေးပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် အကျဉ်းထောင်အတွင်း ချုပ်နှောင်ထားရှိသည့် အနေကြာ အချုပ်သားများအား ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။