Connect with us

Politics, Law & Military

ပြည်ထဲရေးဝန်ကြီးရာထူးနေရာအတွက်  ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးရန် လွှတ်တော် သဘောထား ထုတ်ပြန်မည်

ပြည်ထောင်စု လွှတ်တော်နာယက ကြွရောက်လာစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၆ရက် (ဆင်ဟွာ)

လစ်လပ်နေသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး နေရာတွင် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလ ၅ ရက်နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ စာပေးပို့ခဲ့ရာ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် လွှတ်တော်၏ သဘောထား ကြေညာမည်ဟု ပြည်ထောင်စု လွှတ်တော် နာယကဦးတီခွန်မြတ် က ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရာထူးနေရာတွင် ခန့်ထားရန်အတွက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က  နိုင်ငံတော်သမ္မတရုံးသို့  အမည်တင်သွင်း ပေးပို့လာခြင်းကို သမ္မတရုံးက ပြည်ထောင်စု လွှတ်တော်သို့ ဆက်လက်ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်း ပေးပို့ချက်အား ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ လွှတ်တော်နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ အသိပေးခဲ့သည်။

 အဆိုပြု တင်ပြလာသည့် ပုဂ္ဂိုလ်နှင့် စပ်လျဉ်း၍ ကန့်ကွက်မှု တစ်စုံတစ်ရာမရှိပါက ခန့်အပ်ရန် သဘောတူကြောင် းကြေညာခြင်း၊ သို့မဟုတ် ကန့်ကွက်လိုသော ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်း အစီအစဉ်ကို ဖေဖော်ဝါရီလ ၁၀ ရက် တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်ရန်လျာထားကြောင်း နာယကက လွှတ်တော်သို့ ကြေညာခဲ့ခြင်း ဖြစ်သည်။ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သတ်မှတ်အရည်အချင်းနှင့် မပြည့်စုံကြောင်း သက်သေ အထင်အရှားပြ၍ ဖေဖော်ဝါရီလ ၇ ရက် ညနေ ၄း၀၀ နာရီနောက်ဆုံးထားပြီး ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းပေးသွင်းနိုင်ကြောင်းလည်း နာယကက ထည့်သွင်းကြေညာခဲ့သည်။(Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117