Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကာ လူခုနှစ်ဦး သေဆုံး 

လမ်းဘေးချောက်ထဲသို့ ထိုးကျ တိမ်းမှောက်ခဲ့သည့် ယာဉ်အား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်၌ ဖေဖော်ဝါရီ ၅ ရက်တွင် ဖြစ်ပွားသော ယာဉ်တိမ်းမှောက်မှုကြောင့် လူခုနှစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပင်လည်ဘူး မြို့နယ်ရှိ မိုင်းတုံးတာကြီးကျေးရွာနှင့်မိုင်းတုံးတာလေး ကျေးရွာချင်းဆက်မြေသားလမ်း ပေါ်တွင် ဇလုံတောင်ဘုရားဖူးမှ ပြန်လာသည့် ခရီးသည် ၂၀ ဦးလိုက်ပါလာသော ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ရှိ အနက်ပေ ၃၀ ခန့်ရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာ ရရှိသူများအား ပင်လည်ဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်း ဖြစ်သူ မောင်ဌေး(ဖမ်းမမိ)ကို ပင်လည်ဘူးမြို့မရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှုဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.