ပေကျင်း ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်က ပြည်သူတို့၏ လူမှုဘဝမြှင့်တင်ရေး ၊ လူမှုစီးပွားတိုးတက်အောင်ဆောင်ရွက်ရေး ၊ နက်ရှိုုင်းသော ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့်ရေး တို့အတွက် ကြိုးပမ်းအားထုတ်သွားရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။
အဘူဂျာ ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ၌ ဒုတိယသမ္မတ ယီမိအိုရှင်ဘာဂျို(Yemi Osinbajo) လိုက်ပါလာသော ရဟတ်ယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း Kogi ပြည်နယ်၌ ဖေဖော်ဝါရီ ၂ ရက်က ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ၊ ဒုသမ္မတမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက်(၃၃)မိုင်ခန့် အကွာ တွင် အနက် (၉၄)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ယနေ့ သတင်းထုတ်ပြန်သည်။
ဖနွမ်းပင် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံအာဏာပိုင်များသည် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါးမှုဖြင့် လူပေါင်း ၁,၄၈၅ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးတိုက်ဖျက်ရေးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ ယနေ့နံနက်ပိုင်းတွင် ရထားတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ တွန်းသဘောၤ တစ်စင်းသည် မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားကာ သဘောၤပေါ်ရှိ လူ ၅ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့ရှိ ဝက်သက်ရောဂါ ဖြစ်ပွားမှု များပြီး ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုနည်းသော မြို့နယ်များကို ရွေးချယ်ပြီး ယခုလအတွင်း ဝက်သက် ရောဂါ ကာကွယ် ဆေးအပိုဆောင်းထိုးနှံခြင်း လုပ်ငန်း (Supplementary Immunization...
လန်ဒန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) လန်ဒန်မြို့ မြေအောက်ဘူတာရုံတစ်ခုတွင် ဖေဖော်ဝါရီလ ၁ ရက်က အမျိုးသမီးတစ်ဦး၏ စကပ်အောက်ပိုင်းကို ဓာတ်ပုံရိုက်ကူးမှုကြောင့် အမျိုးသားတစ်ဦး ပေါင် ၂,၀၀၀ ဒဏ်ငွေရိုက်ခံရကြောင်း သိရသည်။
ဟာဗာနား ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ကျူးဘား နိုင်ငံ အနောက်ပိုင်း ကောင်းကင်ပြင်တွင် ဥက္ကာပျံဟု ယူဆရသည့် အရာဝတ္ထု တစ်ခုသည် ဖေဖော် ဝါရီ ၁ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး Pinar del Rio ဒေသရှိ ဒေသခံများက ပြင်းထန်သော ပေါက်ကွဲမှု...
ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ စစ်သွေးကြွတပ်မှူးတစ်ဦး၏ နေအိမ်အနီး၌ ဖေဖော်ဝါရီလ ၁ ရက်က ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။