Connect with us

Environment, Disasters & Accidents

ချင်းပြည်နယ် ထန်တလန်မြို့၌ မီးလောင်မှုကြောင့် လူနှစ်ဦး သေဆုံး

ထန်တလန် မြို့၌ မီးလောင်မှု ဖြစ်စဉ်အား တွေ့ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၁၃ ရက်(ဆင်ဟွာ)

ချင်းပြည်နယ် ထန်တလန် မြို့၌ ဇန်နဝါရီ ၁၂ ရက်က ဖြစ်ပွားခဲ့သော မီးလောင်မှု အတွင်း လူနှစ်ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ထန်တလန်မြို့၊ (၁)ရပ်ကွက်နေ ဦးချွန်လန်၏ နေအိမ် မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ရာ သွပ်မိုး/ပျဉ်ခင်း/ပျဉ်ကာ နေအိမ် သုံးလုံး ၊ ၂၀၀ KVA ထရန်စဖော်မာ ၁ လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း ၊ အဆိုပါ မီးလောင်မှုကြောင့် ဦးချွန်လန် နှင့် ၎င်း၏မြေးဖြစ်သူတို့မှာ ခန္ဓာကိုယ်မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး အမျိုးသမီး နှစ်ဦးမှာ မီးလောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ မီးလောင်မှုအား ထန်တလန်မြို့မ ရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန် နာကျင်စေမှု/မီးပေါ့ဆမှု တို့ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)