ရန်ကုန်၊ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ နယ် တောင်ပြိုကျေးရွာတွင် ယနေ့ ( ဇန်နဝါရီ ၈ ရက်) နံနက် ၉နာရီခွဲခန့်က မြေတူးသယ်ဆောင်မှုပြုလုပ်နေစဉ် မြေပြိုကျမှုဖြစ်ပွားခဲ့ရာ လူသေဆုံးမှုရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့ ၏ အနောက်တောင်ဘက် မိုင် (၄၀) ခန့် အကွာ၊ အနက် (၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
သဟိတ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) နယ်သာလန်နိုင်ငံ သဟိတ်မြို့တွင် ဇန်နဝါရီ ၂၇ ရက်က ဓါတ်ငွေ့ပေါက်ကွဲမှုတစ်ခုကြောင့် အဆောက်အဦးတစ်လုံး ပျက်စီးခဲ့ပြီး လူ ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လီမာ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ တောင်ပိုင်း Apurimacပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟိုတယ်နံရံပြိုကျမှု ဖြစ်ပွားရာ လူ ၁၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးနိုင်ငံ နိုင်ငံတော် ပြည်သူ့ကာကွယ်ရေးဌာန က ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
ရီယိုဒီဂျနေရို ၊ ဇန်နဝါရီ ၂၈ ရက်(ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း Minas Gerais ပြည်နယ်၌ ဇန်နဝါရီ ၂၅ ရက်က ဖြစ်ပွားခဲ့သော ဆည်ကျိုးမှုအတွင်း လူပေါင်း ၃ဝ၅ ဦးပျောက်ဆုံးလျက်ရှိနေပြီး သေဆုံးသူအရေအတွက်မှာ ၅၈ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၈ ခုနှစ်၌ ယာဉ်မတော်တဆမှုပေါင်း ၁၇,၄၅၁မှု ဖြစ်ပွားခဲ့ပြီး ၅၁၈၄ ဦး သေဆုံးခဲ့ကြောင်းနှင့် ၂၆,၇၄၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟိုင်နန်လေကြောင်းလိုင်း၏ ချုံချင့်-ရန်ကုန်၊ ရန်ကုန်-ချုံချင့် တိုက်ရိုက်ပျံသန်းမှုခရီးစဉ် စတင်ခြင်းအား ကြိုဆိုသည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ MICT Park တွင် ဘားကမ့် ရန်ကုန် ၂၀၁၉ ရန်ကုန်အခမ်းအနားကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပခဲ့ရာ ရန်ကုန်ကို စိတ်ကူးပြန်ဖော်ခြင်း (Reimagining Yangon) အစီအစဉ်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပါဝင်ဆွေးနွေးခဲ့ကြောင်း...
ပါရီ၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) တရုတ်နှစ်သစ်ကူးကို ဂုဏ်ပြုသောအားဖြင့် ပြင်သစ်နိုင်ငံ La Poste စာပို့လုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီက ဝက်နှစ်အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်စုံ ကို ဇန်နဝါရီလ ၂၈ ရက် နေ့တွင် တရားဝင်ရောင်းချသွားမည်ဖြစ် ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မော်စကို၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်ပိုင်း Saratov ဒေသ ရှိ ကော်ဖီဆိုင်တစ်ဆိုင်တွင် ဇန်နဝါရီ ၂၆ ရက်က ဂတ်စ်ငွေ့သုံး ဘွိုင်လာတစ်လုံးပေါက်ကွဲခဲ့ရာ ယင်းဆိုင်ရှိ လူ ၄၀ဦးအနက် ၂၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အရေးပေါ်အခြေအနေများဝန်ကြီးဌာနကပြောကြားခဲ့သည်။