Connect with us

Culture & Entertainment

၂၀၁၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုအတွက် ဇာတ်ကား ၇၀ ကျော်ကို စိစစ်ရွေးချယ်လျက်ရှိ

မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲမြင်ကွင်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုအတွက် စိစစ်ရွေးချယ်ရေးအဖွဲ့ ၂၄ ဦးမှ ရုပ်ရှင်ဇာတ်ကား ၉၇ကား တွင် ဇာတ်ကား ၇၀ ကျော်ကို စိစစ်ရွေးချယ်ရေးအဖွဲ့ ၂၄ ဦးမှ ပထမ အကြိမ်အဖြစ် စိစစ်ရွေးချယ်လျက် ရှိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုအတွက် အကဲဖြတ်စိစစ်ရွေးချယ်ရေး အဖွဲ့၄၅ ဦးကျော်ဖြင့် ရွေးချယ်ခဲ့ပြီး ၂၀၁၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုရွေးချယ်ရာတွင် ဇာတ်ပို့၊ ဇာတ်ရံ၊ ဒါရိုက်တာ၊ အသံနှင့် ဇာတ်ညွှန်းအပါအဝင် ကဏ္ဍရှစ်ခုအတွက် ပထမဆုံးအကြိမ်အဖြစ် စိစစ်ရွေးချယ်ရာတွင် ၂၄ ဦးဖြင့် ရွေးချယ်လျက်ရှိသည်။ ယခုစိစစ်ရွေးချယ်ရေးတွင် ဦးရန်အောင်၊ ဦးလွင်မိုးနှင့် ဝါရင့်အမျိုးသမီးသရုပ်ဆောင်တို့လည်း ပါဝင် ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် နှင့် မြန်မာ့ရုပ်ရှင်ဖခင်ကြီးများ အဆောက်အဦကိုလည်း ယခုလ အတွင်း ဖွင့်လှစ်မည်ဖြစ်ပြီး ရုပ်ရှင်ဥပဒေ ပေါ်ထွက်လာရန် ကြိုးပမ်းလျက်ရှိရာ ယခုအခါမူကြမ်းကို ပြန်လည်ပြုစုရေးဆွဲ၍ တင်ပြပြီးနောက် ရုပ်ရှင်ဥပဒေကို ပြဋ္ဌာန်းသွားမည်ဖြစ်ကြောင်း၊ အကယ်ဒမီ ထူးချွန်ဆုအတွက် ရုပ်ရှင်ဇာတ်ကား ၉၇ ကားမှ ရွေးချယ်ထားသော ဇာတ်ကားများ ကိုလည်း ဒုတိယအကြိမ်၊ တတိယအကြိမ်အဖြစ် အဆင့်ဆင့် ဆက်လက်စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာ့အလင်း သတင်းစာတွင်ပါရှိသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117